အပိုင်း(၇) "ခါးသက်စိမ်းလှရွက်တမာ"

444 45 2
                                    

တစ်မိုးသောက်ရျ် တစ်နေဝင်သွားခဲ့ပြန်သည်။
ဒီနေ့နှင့်ပါ ထပ်ပေါင်းလျှင်  ဧဿန် စက်ခေါင်းမမောင်းရသည်မှာ  နှစ်ရက်ပင်ရှိသွားပြီဖြစ်သည်။
ကြီးကြပ်ရေးမှုး ပြန်ရောက်သည့်နေ၌ မောင်းခဲ့ရသည့်  စက်ခေါင်းက နောက်ဆုံး ဖြစ်လိမ့်မည်။
"ရ/ထ ၂၀၀၉၁  ဦးဧဿန်ဂျွန်စမစ်" အောက်ရုံးတွင် တွဲဖက်  နှစ်ရက် ထမ်းဆောင်ပါ ဆိုသည့်
အပေါ်ရုံး၏ ရောက်ရှိလာသည့် စာလွှာနှင့်အတူ
ဧဿန်မှာ အောက်ရုံးတွင် တွဲဖက်အဖြစ်နှင့် ရှိနေရသည်မှာ ယနေ့နှင့်ဆို  ဒုတိယရက် ၊ နောက်ဆုံးရက်ပဲ ဖြစ်သည်။ အပေါ်ရုံးမလာရတာပဲ ကောင်းပါတယ် ဆိုသည့် လွန်းစစ် စကားမှာတော့  ဧဿန် အသက်ရှုရှောင်ခဲ့ရသည်။ ကြီးကြပ်ရေးမှုး ပြန်ရောက်သည့် ရက်ထဲက တွဲထိန်း အစ ရုံးပေါ် အရာရှိအဆုံး မရှောင်တော့တာကို ဧဿန်ရိပ်မိသည်။ ရထားဝန်းရှိ ဝန်ထမ်းတွေမှာလည်း  ကြီးကြပ်ရေးမှုး မရှိတော့သာ မရှိလို့ ရှိလို့လာပြန်တော့လည်း မရှောင်တော့ပြန်ရျ် တိုးတိုးသာသာနှင့် ကြီးကြပ်ရေးမှုးအကြောင်းများကို အန်တီအေးဆိုင်တွင် ဖောက်သည်ချသည့် အခါများလည်း ရှိလာသည်။နှစ်ရက်ပင် မပြည့်သေး
နေ့တစ်ဝက်မကျိုးသည့် ဒီတစ်နေ့ တစ်ပိုင်းရက်လေးအတွင်းမှာပင်  ရထားဝန်းရှိ
လူအားလုံးများ ကြီးကြပ်ရေးမှုးကို ရိုသေလွန်စွာ လန့်နေကြပြန်သည်။

"အကို့ အစား ထမ်းဆောင်ပေးခဲ့တဲ့ ရက်တွေအတွက်  အကို ပြန်ပြီး ဆပ်မယ် ဧဿန်--" ဆိုသည့် စီနီယာစက်ဆရာ တစ်ဦး၏ စကားကလည်း ရှိလို့လာခဲ့ရျ် ဧဿန့်မှာ ခေါင်းပဲညိတ်ခဲ့ရသည်။ ဇနီးမီးဖွားပြီးရျ် တာဝန်ပြန်ထမ်းဆောင်နေသည့် စီနီယာစက်ဆရာက  ဧဿန့် စက်ခေါင်းအချိန်တွေမှာ  တာဝန်ထမ်းဆောင်သည်။

တိုးတိုးဖော် ပြောလာသည့် ဇေယျာ၏ စကားကလည်း ရှိလာရျ်  မဟုတ်ပါဘူးကွာဆိုပြီးပဲ ဧဿန် ခေါင်းခါလိုက်ရသည်။
"စီနီယာကို ကြီးကြပ်ရေးမှုးက ခေါ်တွေ့ပြီး
မင်း စီနီယာအကိုအစား ထမ်းဆောင်ပေးခဲ့တဲ့
တာဝန်ချိန်တွေကို ပြန်ညှိတယ်တဲ့။ ပြီးတော့လည်း မင်းကို အနားယူဖို့  စာပို့မယ်တဲ့ "
ဧဿန်၏ ခေါင်းရမ်း ခေါင်းခါ လိုက်သည်သာ အဖတ်တင်သွားသည်။ တကယ်ကို  ကြီးကြပ်ရေးမှုးရုံးက စာလွှာပို့ခဲ့ပြီး  အောက်ရုံးတွင် တွဲဖက်အဖြစ်နှင့် နေခိုင်းသည်။ နယ်နယ်ရရ ဘာမှ မလုပ်ရသည့် ဧဿန့်အတွက် အောက်ရုံးမှာ တွဲဖက်ဆိုသည့် နှစ်ရက်က  ပေါ့ပါးစွာနှင့် နားနေရသည့်ရက်တွေပင်။

"စက်ခေါင်းအမှတ် ၀၀၉" (completed)Where stories live. Discover now