( 4 )

587 75 2
                                    


DongHyuckကခေါ်ထားတာမို့အိမ်က‌နေသူစက်ဘီးနဲ့ထွက်လာခဲ့သည်။
တလမ်းကျော်တည်းဆိုပေမဲ့ဟိုဆိုဒီရောက်တဲ့သူတို့အတွက်တော့ဘယ်သွားသွားစက်ဘီးလေးနဲ့သာ။

“ ဟာ ဟေ့ ဟေ့ ကလေးလေး!! ”

ကျွီ~~

‌စက်ဘီးရှေ့ကနေဖြတ်ပြေးတဲ့ကလေးကြောင့်သူအမြန်ဘရိတ်အုပ်ပြီးရှောင်လိုက်ပေမဲ့ဘေးကနေကပ်လျှောက်လာတဲ့လူတယောက်ကိုတော့သူမရှောင်လိုက်နိုင်။

“ အ! ”

အရှိန်မပြင်းပေမဲ့လန့်သွားလို့ထင်ပါရဲ့။
ဟန်ချက်ပျက်ပြီးချော်လဲတော့သည်။

“ ဟိုလေ တောင်းပန်.. ”

“ မင်းလူတယောက်လုံးကိုမမြင်ဘူးလား၊ စက်ဘီးကိုဘယ်လိုနင်းလာတာလဲ ”

“ ကျွန်တော်ခုနကကလေးကိုရှောင်လိုက်လို့ပါ၊ တကယ်တောင်းပန်ပါတယ်ဘာဖြစ်သွားသေး... ”

သူ့ကိုပြန်ကြည့်လိုက်ပြုတ်ကျနေတဲ့ပစ္စည်းတွေကောက်လိုက်နဲ့တကိုယ်လုံးအနက်ရောင်တွေချည်း၀တ်ထားတဲ့ကောင်လေးက သူနဲ့ဆိုရွယ်တူလောက်ပဲ။

“ ဘာမှမဖြစ်ဘူး၊ ”

တခွန်းထဲပြောပြီးသူ့လမ်းသူလျှောက်သွားတဲ့ကောင်လေးကတခုခုကိုရှာနေဟန်။

“ ဟို တခုခုရှာနေတာလား ကျွန်တော်ကဒီရက်ကွက်ထဲမှာနေတာဆိုတော့အကူအညီပေးနိုင်..”

“ ဘယ်သူကမင်းအကူအညီကိုတောင်းနေလို့လဲ မလိုဘူး ”

ဘယ်လိုကောင်လေးတုန်း။
ပြောပြီးဆက်လျှောက်သွားပြန်တော့သူတယောက်ထဲနောက်မှာကြောင်တောင်တောင်ဖြစ်ပြီး ကျန်ရစ်ခဲ့သည်။

_

“ သေချာပေါက်ဒီအနီးနားမှာပါပဲ ”

သူရှာနေတာကသူ့ရဲ့နောက်ထပ်ပစ်မှတ်။
မဟုတ်ဘူး။
နောက်ဆုံးပစ်မှတ်ဆိုပိုမှန်လိမ့်မည်။
ဒီတခါပြီးရင်အားလုံးပြီးသွားတော့မှာပါ။
သူလဲဒီနိုင်ငံကအပြီးထွက်သွားတော့မှာဖြစ်သည်။
အခုရှာနေတာကကိုရီးယားရဲ့လျှို့ဝှက်ထိပ်တန်းအေးဂျင့်Lee Min Hyungဆိုတဲ့လူ။
တအားတော်ပါတယ်ဆိုတဲ့အေးဂျင့်ဆိုတာနဲ့သူရင်ဆိုင်ရတော့မှာ
သူ့အကြောင်းတွေအများကြီးကြားဖူးနေပေမဲ့တခါမှတော့မမြင်ဖူး။
ငွေပေးရင်ဘာမဆိုလုပ်တဲ့သူတို့ဘော့စ်က ဒီတခါအောင်မြင်ရင်ဒီလောကထဲကနေအပြီးထွက်ခွင့်ပေးမှာ ဆိုတဲ့စကားကြောင့်သူမျက်စိစုံမှိတ်ပြီးလက်ခံခဲ့ခြင်း။
ဟုတ်တယ်။
လူတွေသတ်ရတယ်
အဲ့တာလည်းခုမှမဟုတ်ဘူး
နှစ်တွေအများကြီးလေ့ကျင့်ပေးခဲ့ပြီးသူလဲထိုက်ထိုက်တန်တန်ပြန်ရတယ်
အသက်19အရွယ်လူတယောက်ကဒါတွေကိုစိတ်ကုန်နေတာဖြစ်သင့်တယ်မလား
ဆုတောင်းမကောင်းခဲ့တဲ့ကျွန်တော်ကမိဘရလဲကံမကောင်းခဲ့ဘူး
အကြွေးတွေအများကြီးတင်နေတဲ့ကျွန်တော့်အဖေက လက်ရှိသူတို့ဘော့စ်ဆိုတဲ့လူကိုအပိုင်ပေးခဲ့တာ။
ကြိုက်သလိုလေ့ကျင့်ပြီး ကြိုက်တာခိုင်းပါတဲ့။
ကျွန်တော့ဆန္ဒကိုမေးဖူးခြင်းလဲမရှိ၊ အဲ့ဒီအချိန်အမေရှိနေရင်ကော? အမြဲတမ်းဆူပူနေပေမဲ့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ရအောင်တားခဲ့မလား?
အချစ်ခံရတယ်ဆိုတာကိုကျွန်တော်မသိဘူး။
သူများသတ်တာမခံချင်ရင် ကိုယ်ကအရင်ဦးအောင်သတ်ရမယ်ဆိုတဲ့စကားက ကျွန်တော့်အဓိဌာန်မှာနေရာအပြည့်ယူပြီးသား။
ချစ်ခြင်းမေတ္တာတွေကိုလဲအယုံအကြည်မရှိဘူး
ဒီဘ၀မှာနေသားကျနေပြီပဲလေ။

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now