( 9 )

498 71 6
                                    

Donghyuck ဟိုနေ့ကဒဏ်ရာကြောင့်ကောရှက်တာ‌ကောပေါင်းကာအိမ်ထဲပဲအောင်းနေတာသုံးရက်ရှိပြီ ။

မျက်နှာလေးလည်းမြင်ချင်ပေမယ့် ထိုနေ့ကချစ်စဖွယ်သူငယ်ချင်းလေးကြောင့် အကုန်သိသွားတော့တာလေ သူက ။

သို့သော် ရှက်စိတ်ထက် လွမ်းတဲ့စိတ်ကပိုပြီးထုထည်ကြီးမားနေတဲ့အခါ သိပ်တွေ့ချင်နေတဲ့သူ့စိတ်ကူးလေးတွေကို အကောင်အထည်ဖော်မိပြန်သည် ။

ဝှီးးးးးး

ဘောလုံးကိုတမင်ဟိုဘက်အိမ်ထဲရောက်အောင်ကန်လိုက်ပြီး သွားပြန်ကောက်ဖို့ပြင်ကာ ခြံထဲကနေထွက်လာခဲ့သည် ။

ဟိုဘက်ခြံထဲဝေ့ဝဲကြည့်မိတော့ ထုံးစံအတိုင်းခြံထဲမှာအလုပ်ရှုပ်နေပြန်သည့်လူကြီး ။
ဒီတစ်ခါတော့ကားရေဆေးနေတာမဟုတ်ပဲ ပစ္စည်းတွေဂိုဒေါင်ထဲရွှေ့နေတာဖြစ်သည် ။

“ ဟို.. ”

ကိုယ့်အသံတိုးတိုးကိုကြားဟန်မတူပဲ သူ့အလုပ်သူဆက်လုပ်နေသည် ။

“ ဟို.. ဒီမှာ ဗျ! ”

ကိုယ့်ကိုမြင်တော့မေးဆတ်ပြသည် ။

“ ကျွန်တော့်ဘောလုံးလေး ကျသွားလို့ အဲ့ဒါ ”

“ ကောက်ပေးမယ် ခဏ .. ”

ခါတိုင်းလိုမျက်မှောင်မကျုံ့ပဲ၊ ခြံထဲကိုယ့်ဘာသာလာကောက်လို့တောင် မအော်ပဲ ဘာမှမဖြစ်ခဲ့သလိုမျိုး ခပ်တန်းတန်းသာဆက်ဆံပုံကြောင့် ရင်ဘတ်တနေရာကနေ အောင့်ခနဲဖြစ်ပြီး ၀မ်းနည်းလာသည် ။

ဘာလဲ ? ။
သဘောကျတဲ့အကြောင်းကိုသိသွားလို့လား ?
အထင်သေးသွားတာလား ကိုယ့်ကို ။
သူကမိန်းကလေးတွေကိုပဲစိတ်၀င်စားတာမို့ ကိုယ့်အကြောင်းကရယ်စရာဖြစ်သွားတာလား ?

လားပေါင်းများစွာနှင့်အတွေးတွေများနေတာမို့ ရှေ့ကကမ်းပေးနေတဲ့ဘောလုံးကိုတောင်မမြင် ။

“ ဘောလုံးလာကောက်တာမလား အခုရပြီလေ ”

အသံကြားရာကိုကြည့်မိတော့ဝဲတက်နေတဲ့မျက်ရည်တွေကြောင့် ပုံရိပ်တွေဟာမပီမပြင် ။
ကျချင်နေသည့် မျက်ရည်တွေကို မျက်တောင်တွေနှင့်ပုတ်ခတ်ပစ်လိုက်ပြီး ဘောလုံးကိုလှမ်းယူကာ ကျေးဇူးတင်စကားပင်မပြောနိုင်ပဲ လှည့်ထွက်လာခဲ့သည် ။

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now