နှစ်ရက်။
Renjunကိုမတွေ့ရတာဒီနေ့နဲ့ဆိုနှစ်ရက်ရှိပြီ။
ဟိုနေ့ညကသူရေခဲမုန့်သွား၀ယ်ပြီးပြန်လာတော့ ရုတ်တရက်ကြားလိုက်ရတဲ့သေနတ်သံ။
အစစ်လားဘာလားတော့မသိပေမဲ့ စိတ်ပူသွားတာတော့အမှန်။
သူပြေးသွားမိတော့Donghyuckကဘေးအိမ်ကလူနောက်မှာ Renjunကတော့တယောက်တည်း။“ မင်း မင်းအဆင်ပြေရဲ့လား ”
ဂနာမငြိမ်ဖြစ်နေတဲ့မျက်လုံးလေးတွေကိုဆုံအောင်ကြည့်ပြီး သူစိတ်ပူစွာမေးမိတော့တကယ်လန့်သွားရှာတယ်ထင်ပါရဲ့။
မျက်ရည်ကြည်တပေါက်ကပေါက်ခနဲကျလာသည်။
ပြီးတော့သူ့လက်တွေကိုကော သူ့ကိုယ်ကြီးကိုပါတွန်းထုတ်ပြီးလှစ်ခနဲပျောက်သွားတဲ့Renjun။သူလိုက်ရှာခဲ့ပေမဲ့မြေလျှိုးသွားသလားထင်ရလောက်အောင်အပုန်းကောင်းတဲ့ကောင်လေး။
“ ဘာဖြစ်နေတာလဲမင်း ”
Donghyuckစကားကြောင့်သူခေါင်းခါပြမိတော့
“ လွမ်းနေတာလား ..”
“ အင်း... ”
“ ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့ ဘာလိုအဲ့လောက်လွမ်းနေရတာလဲ...။ ”
“ ဟုတ်ပါရဲ့...။ ”
“ အမြဲတွေ့ချင်နေပြီး အသံလေးကြားချင်နေပြီး သူ့အကြောင်းပဲတွေးမိနေတယ်မလား...”
“ အင်း.... ဟမ်! မင်းကဘယ်လိုသိတာလဲ? ”
သူဆတ်ခနဲလှည့်ပြီးမေးမိတော့ခပ်ဆွေးဆွေးဖြစ်နေတဲ့မျက်လုံးတွေနဲ့ဟိုဘက်အိမ်ကိုလှမ်းကြည့်နေတဲ့ DongHyuck။
“ မင်း.. မဟုတ်မှ! ”
“ အားးး မသိဘူးကွာ!! ”
“ တကယ်ကြီး?! တကယ်ကြီးမင်း.. ဟိုဘက်အိမ် !”
“ မသိပါဘူးဆို!!! ”
လူကကောင်းကောင်းဆွေးရမလားမှတ်တယ်!စေ့စေ့ပေါက်ပေါက်လိုက်မေးနေတဲ့Jenoကြောင့် အလွမ်းငွေ့လေးတောင်ပျောက်ချင်ချင်!
ဘယ်အချိန်မှာစတင်ခဲ့လဲဆိုတာသူမသိဘူး။
ဒါပေမဲ့သတိထားမိတဲ့နောက်တော့ သူ့ကိုပဲတွေ့ချင်နေသလို သူ့အကြောင်းပဲတွေးချင်နေတာ။
ဒါကလူတွေပြောပြောနေတဲ့အချစ်ဆိုတာများလား?
ČTEŠ
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanfikceချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?