( 20 )

593 60 0
                                    


အဝေးတစ်နေရာကဆူညံသံများကြောင့်လူက မနိုးချင်နိုးချင်နှင့် ထထိုင်လိုက်မိသည် ။
အရင်ဆုံး ပတ်၀န်းကျင်ကိုကြည့်မိတော့ သူနိုးလာနေကျသူ့အခန်းမဟုတ်သလို ရင်းနှီးနေတဲ့အခန်းဖွဲ့စည်းပုံကြောင့် ပြန်မှိတ်ချင်နေတဲ့မျက်လုံးတွေကပါ ပြူးကျယ်လာရသည် ။

နိုးလာကတည်းကသတိထားမိနေတဲ့စေးကပ်ကပ်ဖြစ်နေတဲ့တစ်နေရာရယ် ။
ထို့နောက်အသိအာရုံထဲ၀င်လာတဲ့ မနေ့ညကသူနဲ့ကိုကိုရဲ့...

ဟင် ?! အိမ်မက်ထင်နေတာ တကယ်ကြီး?? တကယ်ကြီးဖြစ်ခဲ့ကြတာပေါ့ ?!

ထိုအတွေးတို့ကြောင့်မျက်နှာတစ်ခုလုံးဟာပူနွေးရှိန်းဖိန်းလာရပြီး ကိုကို့ကိုမတွေ့ရသေးလို့တော်သေးတယ်ဟုတွေးမိသည် ။

ကိုကိုမရှိတုန်းရေချိုးခန်းထဲပြေး၀င်လိုက်ပြီး အရင်ဆုံးသန့်ရှင်းလိုက်သည် ။
ပြီးမှ ၀တ်စရာအ၀တ်မရှိတာသတိရပြီး သပတ်ပတ်ပြီးသာအပြင်ထွက်လာခဲ့သည် ။
အပြင်ရောက်မှ ကိုကို့အင်္ကျီတထည်ကောက်စွပ်ကာ အိုးသံခွက်သံတွေဆူညံနေသည့်အနောက်ဖက်သို့၀င်လာခဲ့သည် ။
ကိုကို့အင်္ကျီက သူနှင့်ဆိုအတော်ကြီးတာမို့ အင်္ကျီတထည်တည်း၀တ်ထားတာတောင် လုံခြုံနေသည် ။

“ ဟာ ! အနှစ်ပေါက်သွားပြီ ! ”

“ သွားပြန်ပြီကွာ ”

မီးဖိုချောင်ထဲကြက်ဥဆယ်လုံးလောက်နှင့်ရန်ဖြစ်နေသည့်ကိုကို့ကိုတွေ့တော့ သူအသံမပေးမိပဲ ဒီအတိုင်းရပ်ကြည့်နေမိသည် ။

“ ဒါကနောက်ဆုံးအလုံးနော် ! မင်းကတော့လိမ်မာမယ်မလား? ”

ကြက်ဥကိုစကားပြောပြီးကြော်သည့်သူကို သူပထမဆုံးမြင်ဖူးခြင်း ။

နောက်ဆုံးအလုံးကလည်းစထည့်ကတည်းက အနှစ်ပေါက်သွားကာ ဒယ်အိုးထဲမလှမပ ။

“ ကြက်ဥကို အဲ့လိုခွဲမှတော့ ဘယ်လိုလုပ်ကြော်လို့ရမလဲ ”

“ Hyuckie.. နိုးလာပြီလား ကိုကိုမနက်စာတောင်မပြင်ရသေးတာကို ”

“ မနက်စာက ကျွန်တော်ပြင်လိုက်မှာမို့လို့ ကျွန်တော်အိမ်ဘယ်လိုပြန်ရမလဲဆိုတာသာကိုကိုကစဉ်းစားပေးထား ”

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now