“ RenJun! RenJun!! ခဏလောက်စောင့်ပါဦး ”
မတွေ့အောင်တမင်ရှောင်ပါတယ်ဆို ကိုယ့်ကိုတွေ့တာနဲ့အူယားဖားလျားပြေးလာတဲ့Jeno ။
ကိုယ်ကမျက်နှာတည်ထားလဲ အမြဲပြုံးနေတတ်တဲ့သူ့မျက်လုံးတွေကအမှတ်မရှိဘူးထင် ။“ ဘယ်သွားမလို့လဲ ”
“ လူသွားသတ်မလို့! ”
“ ဟား ဟား RenJunကတော့နောက်ပြီ ! အတည်မေးနေတာ အခုDonghyuckဆီသွားမလို့ မင်းလိုက်ခဲ့မလား ”
“ မလိုက်ပါဘူး ငါ့မှာလုပ်စရာတွေရှိတယ် ”
ကိုယ့်ကိုသူ့လိုများအချိန်ပြည့်အားနေတတ်တဲ့သူထင်နေတာလား ။ အားနေဂိမ်းဆော့၊သူငယ်ချင်းအိမ်သွားနေတဲ့သူ့လိုလူက ကိုယ်ကဘယ်သူမှန်း ဘာလုပ်တာမှန်းသိရင် ကြောက်ပြီးအနားတောင်ကပ်ရဲမှာမဟုတ် ။
“ ဟို... ”
“ ဘာလဲ ”
“ ဟိုနေ့ညကလေ .. ”
Jenoစကားကြောင့်ခြေလှမ်းတွေရပ်သွားရတာကRenJun ။
ဟိုနေ့ညက.....
ဧကန္တ..? သူမြင်လိုက်တာလား...!
“ ဟိုနေ့ညကဘာလဲ? ! ”
အကယ်၍တစ်ခုခုကိုမြင်သွားတာဆိုရင်....
“ ဟိုနေ့ညကရေခဲမုန့်စားချင်တယ်လို့ပြောတာလေ အဲ့ဒါမစားလိုက်ရဘူးမလား ...”
ဘာများလဲလို့..!
“ ပြီးတော့....မဟုတ်မှ မင်း! ”
ဘာလဲ..? ဘာလို့လာစူးစိုက်ကြည့်နေတာလဲ ။
“ ရေခဲမုန့်မပါလာလို့ငါ့ကိုစိတ်ကောက်နေတာမလား ? ဟင်.. ဟုတ်တယ်မလား !! ”
ရှေ့ကနေပိတ်ရပ်ပြီးမေးနေသူကိုလက်သီးနဲ့သာပိတ်ထိုးပစ်ချင်တော့တယ် !
အခုကိုယ်ကရေခဲမုန့်မစားရလို့စိတ်ကောက်ပြီးရှောင်နေတယ်လို့ပြောချင်တာလား ။တကယ်ပါပဲ ။ ဒီတယောက်နဲ့ဆုံရင်ဘာလို့ကိုယ်ကကလေးကလားတွေပဲဖြစ်နေရသလဲ?!
“ ငါကရေခဲမုန့်မစားရလို့စိတ်ကောက်မယ့်အရွယ်လား ”
“ မဟုတ်ဘူးလား?! Donghyuckဆိုသုံးညအိပ်လေးရက်လောက်ကောက်ပြီသိလား ”
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanfictionချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?