“ Hyuckie ဒီလောက်အေးနေတာကိုမာဖလာလေးပဲဖြစ်ဖြစ်ပတ်ထားလေကွယ် ”
အစုလိုက်အခဲလိုက်ကျဆင်းနေတဲ့နှင်းစက်တွေကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိတုန်း မာမီကဆိုလာသည် ။
ဟုတ်တယ် ။ ဒီနှစ်ဆောင်းကအတော်အေးတယ် ။
အချစ်ပျောက်နေတဲ့သူ့ကိုပိုပြီးအထီးကျန်စေဖို့ရည်ရွယ်ထားသလားမသိပေမယ့် snow manတွေလည်းမလုပ်ဖြစ်တာကြောင့် ပုံနေတဲ့နှင်းတွေလည်း သူ့နည်းတူအထီးကျန်နေမလားလေ ။ကိုကို့ကိုမတွေ့ရတာ လေးလရှိပြီ ။
မသိမသာကော သိသိသာသာကောကိုကို့အကြောင်းကိုမေးကြည့်ခဲ့ပေမယ့် Minhyungပြည်ပထွက်သွားပြီး အဆင်ပြေနေတယ်ဆိုတဲ့စကားကလွဲပြီးဘာမှရေရေရာရာလည်းမသိရပါပဲ ဒီအတိုင်းပြီးဆုံးသွားခဲ့သည်သာ။ဖုန်းဆက်လို့လည်းမရ ။စတင်ခဲ့တာကသူဆိုပေမယ့် အဆုံးသတ်တော့ကိုကိုတဲ့လား ။
တစ်ခုခုတော့ပြောခဲ့တန်ပါရဲ့ကိုကိုရာ ။
ဒီမှာမုန်းချင်တာတောင် စိတ်ပူတာတွေကရောနေကောပဲလေ ။ကိုယ်တိုင်ကကိုကို့ရဲ့ပျော်ရွှင်မှုဖြစ်ပေးပါ့မယ်ပြောခဲ့ပေမယ့် တကယ်တမ်းကိုကို့အမြင်မှာတော့အဲ့လိုမဟုတ်ခဲ့ဘူးထင်ပါတယ် ။
ကိုယ့်ဘာသာစိတ်ဆိုး၊ကိုယ့်ဘာသာစိတ်ကောက်ပြေ လုပ်နေရတဲ့ကျွန်တော့်ကို ကိုကိုကတခါလေးမှတောင်မလွမ်းဘူးလား
အခုကျွန်တော့်အဖြစ်က ကြိုးပြတ်တဲ့စွန်တွေလိုပဲ ။
ကိုကိုဆိုတဲ့လက်တစုံမရှိတော့ လေနှင်ရာလွင့်ချင်နေပြီ ။ဖုန်းထဲကကိုကိုအိပ်နေတုန်းခိုးရိုက်ထားခဲ့တဲ့တခုတည်းသောပုံလေးကိုကြည့်ရင်း ငိုမိပြန်သည် ။
ကျွန်တော့်ကို တခုခုတော့ပြတ်ပြတ်သားသားဆုံးဖြတ်ပေးခဲ့သင့်တာ ။_
“ မဖြစ်ဘူး Hyuckieဆီသွားမှဖြစ်မယ် ”
“ သတိထားစမ်း Minhyung ”
လက်မှာတပ်ထားသမျှပိုက်တွေကိုဆွဲဖြုတ်နေသည့်လူတယောက်ဟာအရူးလိုမျိုး ။
“ ငါ့ကိုလွှတ်ပေးစမ်းပါ ! ငါသွားမှဖြစ်မယ် ”
အတင်းရုန်းကန်နေတဲ့လူဟာ လူသုံးယောက်လောက်ဝိုင်းချုပ်ပြီးဆေးတလုံးထိုးပေးလိုက်မှ ငြိမ်သက်သွားသည် ။
![](https://img.wattpad.com/cover/297921293-288-k734135.jpg)
YOU ARE READING
𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )
Fanfictionချစ်ခြင်းတွေရဲ့အထက်မှာမြတ်နိုးခြင်းဆိုတာရှိတယ်တဲ့ အဲ့တာကိုမင်းယုံလား?