( 27 )

428 52 10
                                    



" Hyuckie "

" မခေါ်နဲ့! အဲ့နာမ်စားကအစကျွန်တော့်အတွက်အိမ်မက်ဆိုးဖြစ်နေခဲ့လို့! အခုမှလာပြီးဘာလို့ရွေးချယ်မှုကကျွန်တော်မဖြစ်ခဲ့တာလဲဆိုတာလည်းမမေးချင်တော့ဘူး "

တိတ်ဆိတ်တဲ့ညလယ်မှာ ကွဲအက်နေတဲ့နှလုံးသားငယ်တွေ ။

ရွေးချယ်မှုက မင်းဖြစ်ခဲ့ပါတယ်အချစ်ရယ် ။ဒီလူဟာသိပ်လှတဲ့အိမ်မက်ကလေးကိုထွေးပွေ့မိတဲ့နောက်ပိုင်း အမြဲတမ်းရွေးချယ်မှုကမင်းဖြစ်ခဲ့ပါတယ် ။
ဒီလူဆိုးကမင်းတယောက်ကိုတော့ကာကွယ်ပေးချင်ခဲ့တာ ။ ဒါဟာကိုယ့်အချစ်ပါလို့မျက်ရည်ခံထိုးဖို့အတွက်လည်းမဟုတ်ဘူး စတင်တွေ့ဆုံမှုကမင်းဘက်ကစခဲ့သလို တစ်ဖြန်ပြန်ဆုံရဖို့ကိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖန်တီးခဲ့တာ။
အမှန်အတိုင်း၀န်ခံရရင် မင်းတယောက်တည်းသာရှိခဲ့တာမို့ ပြတ်တောက်သွားတဲ့ကြိုးတွေကိုဘယ်ပုံဘယ်နည်းပြန်ဆက်ရမယ်မှန်းကိုယ်မသိဘူး။
မင်းကိုဒီရှုပ်ထွေးမှုတွေထဲဆွဲသွင်းမိတဲ့ကိုယ့်အပြစ်ကိုယ်ဆေးကြောရင်း အပြေးပြန်လာခဲ့တဲ့လမ်းမှာ မင်းကကိုယ့်ကိုမုန်းနေပြီတဲ့။ လေထုကအစကိုယ့်အပေါ်စိမ်းသက်လွန်းတယ်အချစ်ရယ်
မင်းရင်ခွင်ကတစ်ခြားတယောက်ဆီဦးတည်လိုက်တိုင်း ထပ်ပြီးအတ္တမဆန်ချင်တဲ့ကိုယ့်စိတ်တွေကမင်းဆီမှာပဲရှုံးနေခဲ့တာ။
မြဲချင်တဲ့လက်ကလေးကိုမှဆွဲဖြုတ်ချခဲ့တဲ့သူက ကိုယ်ပဲမို့လို့ 'ကိုယ့်ဆီပဲပြန်လာလို့ရမလား'ဆိုတဲ့စကားက စိတ်ထဲမှာတစ်ခါပြောမိတိုင်း တစ်ကြိမ်အဆိပ်သင့်ရပါတယ် ။
မင်းနှလုံးသားကမျက်ရည်တွေနဲ့ဆိုရင် ကိုယ့်ရင်ဘတ်မှာလည်းအကောင်းအတိုင်းမရှိ စုတ်ပြတ်သတ်နေခဲ့တာချည်းပါပဲ ။

ခန္တာကိုယ်လေးတသိမ့်သိမ့်တုန်အောင်ရှိုက်ငိုနေတဲ့ကလေးလေးကိုရင်ခွင်ထဲထည့်ဖွက်ထားမိတော့ အားမပါတဲ့လက်ကလေးတွေနဲ့ရုန်းသည် ။

ချန်ရစ်ခဲ့သူနဲ့ကျန်ရစ်နေသူမှာ ပိုနာကျင်ရတာကကျန်နေခဲ့ရသူလို့ပြောကြပေမယ့် ဒီခွဲခွာခြင်းမှာတော့ ထပ်တူနာကျင်ရတာပါပဲ ။
Hyuckieကနာကျည်းစိတ်၊မုန်းတီးစိတ်နဲ့နေ့ရက်တွေကိုဖြတ်သန်းခဲ့ရင် Lee Markမှာလည်းစိတ်ပူခြင်း၊လွမ်းတဲ့စိတ်၊မုန်းသွားလေပြီလား ဆိုတဲ့စိတ်တွေနဲ့ရှင်သန်ခဲ့ရတာချည်း ။

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now