( 14 )

495 61 4
                                    

RenJunကိုတွေ့ချင်၍သာ သူအရဲစွန့်ပြီးနှစ်လမ်းကျော်ကအဆောင်ဆီလာခဲ့ပေမယ့် ထိုအဆောင်မှာအရိပ်အယောင်လေးပင်မမြင်ရပါ ။

“ မင်းသတိထားဦးနော် အဲ့ကောင်လေးနဲ့စကားသွား သွားမပြောနဲ့ ”

“ ငါကဒီအတိုင်း‌ နေမကောင်းတဲ့ပုံစံပေါက်နေလို့သူအဆင်ပြေရဲ့လားလို့သွားမေးကြည့်တာပါ ခင်လည်းမခင်ပါဘူးငါနဲ့ ”

“ နာမည်ကလည်းဘယ်သူမှန်းမသိရ ၊ မေးလည်းဖြေချင်သလို မဖြေချင်သလိုနဲ့ မနေ့ညကလည်းကားအမည်းကြီးနဲ့လူနှစ်ယောက်ရောက်လာပြီး လာခေါ်သွားသေးတာ ”

“ ဟို .. တဆိတ်လောက်ဗျ ”

“ ဟုတ်ကဲ့ ”

“ ဒီမှာနေတဲ့RenJunဆိုတဲ့ကောင်လေးလေ အဲ့တာသူ့ကိုသိကြလားဗျ ”

“ RenJun ? မသိပါဘူး ”

“ အဆောင်များမှားနေတာလား ? ဒီလမ်းထဲမှာလည်းအဆောင်ကဒီတစ်ခုပဲရှိတာကို ”

“ ဒါနဲ့ အစ်ကိုပြောတာ အမြဲတမ်းall black၀တ်ထားတဲ့ကောင်လား ဆံပင်ကလည်းစစ်သားကေနဲ့လေ ”

“ စစ်သားကေ..? အမြဲတမ်းအမည်းကြီးပဲ၀တ်တတ်တာတော့ ဟုတ်ပါတယ် ဒါပေမယ့် စစ်သားကေတော့မဟုတ်ဘူး ”

“ ဪ... အဲ့ကောင်ဆိုရင်ကျွန်တော်တို့ကသတိထားဖို့ပြောမလို့ အစ်ကို့မိတ်ဆွေမဟုတ်ဘူးနဲ့တူပါတယ် ”

“ အဲ့ဒီစစ်သားကေက ဘာဖြစ်လို့လဲ ဟင် ”

“ သူကအဆောင်ကိုရောက်လာတာမကြာသေးဘူး အမြဲတမ်းhoodieအမည်းကြီးကို ခေါင်းစွပ်ထားတတ်တာ စစ်သားကေဆိုတာတောင်မနေ့ကမှဒီကောင်စကားသွားပြောလို့မြင်ရတာ ကြည့်ရတာဒဏ်ရာတစ်ခုရထားပုံပဲ ပုခုံးစွန်းမှာလေ သူ့အခန်းထဲက‌ေအာ်သံကြားလို့အဲ့တာအဆင်ပြေလားလို့သွားမေးတာ ဝါးစားတော့မတတ်ကြည့်လိုက်တာများ ကြက်သီးတောင်ထတယ်ဗျာ ပြီးတော့မကြာပါဘူး ကားအမည်းကြီးထဲကလူနှစ်ယောက်ရောက်လာပြီး ခေါ်သွားတော့တာပဲ ! ”

“ ဪ.... အစ်ကိုလည်းအစ်ကို့မိတ်ဆွေကိုသတိထားဖို့ပြောဦးမှပဲ .. ဒါဆိုသွားလိုက်ဦးမယ်နော် ”

“ ဟုတ်ကဲ့ ”

RenJunကိုထိုစစ်သားကေနဲ့မပေါင်းဖို့ပြောရမယ် !

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now