( 12 )

540 71 1
                                    


“ ㅋㅋㅋ..! ”

“  မာမီ့၀က်ဝံလေးမနိုးသေး..! အယ် ! ဒီနေ့တော့မိုးရွာတော့မှာပဲ! အစောကြီးနိုးနေတာပေါ့ ဟုတ်လား ”

Hyuckie ကိုနှိုးဖို့ အခန်းထဲ၀င်လာတဲ့မာမီဟာအံ့ဩရင်းနဲ့ဆိုလာတယ် ။
အမှန်တော့ ညကကိုကိုနဲ့ဖလှယ်ခဲ့ကြတဲ့အနမ်းချိုချိုလေးတွေကြောင့် Hyuckie အိပ်မရသေးတာ ။
ခေါင်းအုံးပေါ်မျက်နှာလေးမှောက်ထားလိုက်၊စောင်ပုံကြားထဲခေါင်းဝှက်ထားရင်းပြန်ပုံဖော်နေလိုက်၊လေထဲလက်သီးတွေပစ်ထည့်လိုက် လုပ်နေတဲ့Hyuckieကို မာမီကကြောင်အမ်းအမ်းနဲ့ရပ်ကြည့်နေတယ် ။

“ ဟဲ့ ! ဒါကဘာဖြစ်နေတာတုန်း ! ”

“ ဟီး ဟီး.. ဘာမှမဟုတ်ဘူးမာမီ! ”

“ မင်းဒီရက်ပိုင်း တအားထူးဆန်းတယ် ဘာတွေလုပ်ထားလဲမာမီ့ကိုပြောစမ်း ! ”

“ အာ..! မာမီကလည်း ဘာမှမလုပ်ထားပါဘူး ”

“ ပြီးရောနော် ..! ”

မာမီပြန်ဆင်းသွားတော့မှ Jenoဆီအမြန်ဖုန်းခေါ်လိုက်သည် ။
တယောက်ယောက်ကိုမှ မပြောပြရရင်သူ့ရင်တွေပေါက်ကွဲထွက်တော့မယ်ထင်သည် ။

အနမ်းချိုချိုလေးတွေအကြောင်းတော့သိမ်းထားပြီး ကိုကိုနဲ့ရည်းစားတွေဖြစ်သွားပြီဆိုတာ ပြောပြဦးမယ် ။

-

“ ဘာ!! ”

“ အာ.. လန့်လိုက်တာ ”

“ အလကား စိတ်ကူးယဉ်နေတာမဟုတ်ဘူးလား မင်း! ”

“ မင်းကလည်း! ကိုယ့်သူငယ်ချင်းရဲ့အစွမ်းအစကိုတောင်မယုံဘူးလား ! ”

“ မင်းအကြောင်းကိုတော့သိပါတယ် ငါမယုံတာကမင်းရဲ့ဘဲကြီးကိုလေ လူပုံကအေးတိအေးစက်နဲ့ မင်းလိုမျောက်လောင်းကိုပြန်ကြိုက်မယ်လို့ တွေးတောင်မထားမိဘူး ”

“ Jenoစုတ်!! သူပြန်ကြိုက်မခံရတိုင်း!! ”

“ ငါကပြန်မကြိုက်ခံရတာ မဟုတ်ဘူးကွ! ဟို.. မပြောရသေးတာ ”

“ ဟမ်! အခုထိမပြောရသေးဘူးလား ”

“ အင်း... သူကငါ့ကိုရှောင်နေသလိုပဲကွ ! ”

“ အဲ့တာက မင်းစိတ်ထင်လို့ဖြစ်မှာပါ  ! ဘာမှလျှောက်တွေးမနေပဲအရင်ဖွင့်ပြောလိုက် ငါ့ကိုပဲကြည့်လေ ကိုကို့လိုရေခဲတုန်းကြီးတောင် ဖွင့်ပြောခံရတော့ရည်းစားတွေဖြစ်နေပြီလေ ဟီ~ ”

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now