( 17 )

475 63 0
                                    


အကောင်းကြီးကနေ နေ့ချင်းညချင်းဝှီးချဲပေါ်ရောက်သွားသည့် Simonကိုကြည့်ပြီး RenJunအံ့ဩနေမိသည် ။
ထို့အတူဘော့စ်မှာလည်း ဒေါသတွေထွက်နေကာ

“ ငါ့လူကိုလာထိတာက ငါ့ကိုစိန်ခေါ်တာနဲ့အတူတူပဲ ! မင်းတပည့်နှစ်ယောက်ကော အခြေအနေတော်တော်ဆိုးလား ”

“ နှစ်ရက်ရှိပြီ အခုထိသတိမရသေးဘူး ဘော့စ် ”

“ တောက်ခ်!! တော်တော်သတ္တိတွေရှိနေတယ်ထင်တယ် ”

“ မင်းနဲ့M2ကဘယ်လိုငြိတာလဲ simon ? USBကြောင့်ဆိုရင် ငါ့ကိုပေးထားတဲ့တာ၀န်ကိုမင်းက၀င်ပါတာပဲ ”

“ ငါ၀င်ပါတယ်ဆိုတာကမင်းတွေဝေနေလို့လေ ! အရင်လုပ်နေကျအတိုင်းလက်စတုံးပြီးယူလာရင်ရနေပြီကို ! ”

“ ငါ့ကိုပေးထားတဲ့အချိန်ကိုငါသိတယ်Simon ! ”

“ တော်ကြတော့!! ဒီအချိန်ကအငြင်းပွားနေရမယ့်အချိန်မဟုတ်ဘူး! သူ့ဘက်ကဒီလောက်ရဲတင်းလာမှတော့ငါ၀င်ပါရတော့မှာပဲ ”

“ ဘော့စ် ! ဒါက .. ”

“ ကောင်းတယ် ဘော့စ် အဲ့ဒီကောင်မှာရည်းစားလားဘာလားမသိတဲ့ ကောင်လေးတယောက်ရှိတယ် ”

ဘယ်အချိန်တွေတည်းကလိုက်စုံစမ်းနေမှန်းမသိတဲ့ကောင်ဟာ အဓိပ္ပါယ်ဖော်မရတဲ့အပြုံးတစ်ခုနဲ့...

“ ပြီးတော့ အဲ့ကောင်လေးမှာသူငယ်ချင်းတယောက်လည်းရှိတယ် ... ”

သူဆတ်ခနဲလှည့်ကြည့်မိတော့အောင်နိုင်သူလိုအပြုံးနဲ့ ဝှီးချဲပေါ်ကနေမေးငေါ့ပြတယ် ။

“ မဆိုင်တဲ့သူတွေကို ဆွဲထည့်ဖို့ကြံနေတာလားSimon ! ဒါကငါတို့နဲ့M2ရဲ့ကိစ္စပဲလေ ”

“ အိုးး.. မင်းဆီကနေမဆိုင်တဲ့သူဆိုတဲ့စကားထွက်လာတာ ပထမဆုံးကြားဖူးတာပဲ ”

“ ငြင်းခုံမနေကြနဲ့! ဆက်ပြော Simon ! ငါ့ရဲ့ပစ္စည်းပြန်ရဖို့ဆို ဘာပဲဖြစ်ဖြစ်လုပ်ရမှာပဲ ”

ဒီစကားကRenJunကိုကြည့်ပြီးပြောလိုက်တာမို့ Simonရဲ့ရွံစရာအပြုံးကြီးကပိုထင်ရှားလာသည် ။

ဟိုငတုံးနှစ်ယောက်အတွက်အန္တရာယ်ရှိနေပြီလား ?
စပြီးပတ်သတ်ခဲ့တဲ့သူက ကိုယ်တိုင်ပဲဆိုပေမယ့် ထိခိုက်မှာစိုးလို့အဝေးမှာနေစေချင်တဲ့သူကလည်း ကိုယ်ပဲဖြစ်ကာ အခုပူပင်နေမိပြန်ပြီလား ?

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now