( 29 )

439 52 3
                                    


...


ချစ်ခြင်းရဲ့အခိုင်မာဆုံးတံတိုင်းဟာ ယုံကြည်မှုတဲ့။
ဒါကကျွန်တော်ကိုယ်တိုင်ပြောခဲ့တဲ့စကား.....
ရယ်စရာကောင်းတာက အဲ့ယုံကြည်မှုဆိုတာတောင် ကျွန်တော်ချစ်တဲ့သူကိုမပေးနိုင်ခဲ့ဘူး ။
ဒါတောင်ကျွန်တော့်အချစ်ကပဲကြီးမြတ်လှပါတယ်ဆိုပြီး အရေးမပါတဲ့အထင်အမြင်တွေနဲ့ချစ်ရတဲ့သူကိုနာကျင်စေခဲ့တာ အချိန်အတိုင်းအတာဘယ်လောက်အထိတောင်ပါလဲ?

ဝှီးးး !

ကျွန်တော့နံဘေးတလျှောက်ဖြတ်သန်းသွားတဲ့ကားတွေ ။
လမ်းမပေါ်မှာဖိနပ်မပါပဲပြေးနေတဲ့ကျွန်တော့်ကို တချို့ကထူးဆန်းသလိုကြည့်သွားကြတယ် ။
ဖြစ်သင့်တာပါပဲ
ကျွန်တော်အရေးလုပ်ပြီးရှင်းပြမနေတော့ဘူး
အကုန်လုံးထက်ပိုပြီးအရေးကြီးတဲ့ကိစ္စရပ်တွေဆီကျွန်တော်သွားနေတာ

‘ မင်ဟျောင်း ဟျောင်းက...မပြောနဲ့လို့မှာထားပေမယ့် ဒီထက်ပိုပြီးအခြေအနေဆိုးကုန်ကြရင် နှစ်ယောက်လုံးကနောင်တကိုယ်စီနဲ့နေထိုင်သွားရလိမ့်မယ် ။ ’

ကျွန်တော့်တယောက်တည်းကိုပဲ တဖက်သတ်အတွေးတွေနဲ့လူဆိုးဖြစ်အောင်လုပ်ရသလား ! မကောင်းတဲ့လူရဲ့ ! 

Jeno‌ေပြာပြတဲ့အ‌ကြောင်းအရာတွေထဲဗီလိန်ကကျွန်တော်ကိုယ်တိုင်သာဖြစ်နေခဲ့တယ်


.

“ ကိုယ့်အပြစ်ကို ကိုယ်၀န်ခံနိုင်သလား M2 ”

“ ဟုတ်ကဲ့ ”

စစ်ကြောရေးခန်းထဲ မေးသမျှကိုအေးဆေးစွာပြန်ဖြေနေသည့်Lee Mark ။
ပြုလုပ်ခဲ့သည့်ကိစ္စရပ်တိုင်းကို နောင်တမရှိ ။ စိုးရိမ်မှုမရှိ ။ အရာအားလုံးကိုစိတ်ချသွားသလို ခပ်အေးအေး ။

မီးခဲဖင်ခုထိုင်မိသလိုဖြစ်နေရသူက သူငယ်ချင်းဖြစ်သူLucas .
ဌာနချုပ်ကဘယ်လိုအမိန့်မျိုးချမှတ်မလဲ သူမခန့်မှန်းနိုင် ။

“ သူအဆင်ပြေလောက်မှာပါနော် ”

Yunaလည်းစိတ်ပူနေသည့်မျက်နှာနှင့် ။

“ အဆင်ပြေမှာပါ .. အဲ့နေရာမှာငါလည်းရှိနေတာပဲကို ဆရာက..ပြင်းပြင်းထန်ထန်တော့အပြစ်မပေးလောက်ပါဘူး ”

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Onde histórias criam vida. Descubra agora