( 19 )

597 61 4
                                    


* ဝုန်း !!

“ Hyuckie! ”

“ ဟာ... ကိုကို ! ”

ရုတ်တရက်Lee Mark၀င်လာတာနဲ့ အခန်းထဲရှိသမျှလူတွေလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည် ။

မဖြစ်ရိုးလား ?  အ၀င်၀ကအစောင့်နှစ်ယောက်အပြင် M2‌ ရောက်လာပြီဆိုကတည်းက လွှတ်လိုက်တဲ့တပည့်တွေကဘယ်အချိန်ကတည်းကအတိုက်ခံလိုက်ရသည်မသိ ။ အတုံးအရုံး အလဲလဲအပြိုပြို ။

လူဆယ့်ငါးယောက်လောက်ကို လွှတ်လိုက်တာမို့ အဆောက်အဦထဲ ‌ခေါင်းဆောင်ရယ်၊ Simonရယ် ၊ အစောင့်နှစ်ယောက်လောက်သာကျန်ခဲ့သည် ။

ခုံပေါ်မှာကြိုးတုပ်ခံထားရတဲ့Hyuckie ကိုမြင်တာနဲ့Lee Markရဲ့ဒေါသတွေကငယ်ထိပ်ထိရောက်သည် ။

“ Hyuckieကိုအခုချက်ချင်း ကြိုးဖြည်ပေးလိုက် ! ”

“ လောလိုက်တာM2ကလည်း ! ငါလိုချင်တာရရင်လွှတ်ပေးမှာပေါ့ ! ဘယ်မှာလဲ ? ငါလိုချင်တဲ့ပစ္စည်း ”

“ အခုမှကလေးပဲရှိသေးတဲ့သူတွေကို မင်းကကြောက်နေတာလား? ကြိုးတုပ်ထားရလောက်တဲ့အထိလေ ”

ဂိုဏ်းခေါင်းဆောင်ဆိုတဲ့ကောင်ကိုစကားပြောနေပေမယ့် မျက်လုံးအစုံကHyuckieဆီမှာ ။

“ သတိကပိုတယ်မရှိဘူးလေ !။  Simon ! ”

“ ဟုတ်ကဲ့ ဘော့စ် ”

“ J ကိုကြိုးဖြည်ပေးလိုက် ! ”

“ ဘော့စ် ! ဒါက ”

“ ငါခိုင်းတာကိုလုပ် !! ”

ပိတ်အော်ခံလိုက်ရတာမို့ မအီမသာမျက်နှာနှင့်အတူSimonက ကြိုးဖြေပေးသည် ။

“ RenJun ah! အဆင်ပြေရဲ့လား ”

အတုပ်အနှောင်တွေကခုလေးတင်လွတ်သွားတဲ့သူကို လက်တွေကော ခြေထောက်တွေပါအတုပ်ခံထားရသည့်Jenoက စိုးရိမ်စွာလှမ်းမေးနေတာ ။

“ J ! မင်းကိုအခု ငါကအခွင့်အရေးပေးမယ် ! ဒီသေနတ်ကိုယူပြီး M2 ဆီကUSBရအောင်လုပ်လာခဲ့ ...! ”

“ ဘာလို့ကိုယ်တိုင်မလုပ်တာလဲ ? ”

“ ဒီအတိုင်း... ပျော်စရာလေးတစ်ခုဖန်တီးချင်လို့ ! ”

“ RenJun ah ! အဲ့လူအနားမကပ်နဲ့ သူကအန္တရယ်များတယ် .. ”

“ မင်းရွေးချယ်နော် ! ငါလိုချင်တာရရင် ဟိုကောင်လေးနှစ်ယောက်လည်းလွတ်မယ် ၊ မင်းလည်း... စီစဉ်ထားတဲ့အတိုင်း အခွင့်အရေးရမယ် ”

𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒 𝑀𝑖𝑛𝑒 ( 𝙼𝚊𝚛𝚔𝙷𝚢𝚞𝚌𝚔 ) ( 𝙽𝚘𝚁𝚎𝚗 ) ( Completed )Where stories live. Discover now