♡ 2 ♡

5.4K 591 26
                                    

Zawgyi

နက်ပြာရောင် shirt အင်္ကျီလေးရယ် cotton နဲ့ လုပ်ထားတဲ့ ဘောင်းဘီအရှည်လေးကိုဝတ်ထားပြီး ပန်းခြံဘေးနားက
ခုံပေါ်မှာ ထိုင်နေသည်.. ။

လက်ထဲမှာလည်း ice cream တစ်ခုကို ကိုင်ထားပြီးတမြုံ
မြုံဝါးနေလေရဲ့...

နွေရာသီကြောင့် အရည်ပျော်ကျတော့မလိုဖြစ်နေတဲ့
ice cream ကို အမြန်ပါးစပ်ထဲထိုးထည့်ပြီး အခွံကိုတော့
အမှိုက်တောင်းထဲကို လှမ်းပစ်ထည့်လိုက်သည်။

ph ကို ဖွင့်ပြီး ပြက္ခဒိန်ကို ကြည့်လိုက်တော့ အမေ့ဆီကို
ငွေလွှဲပေးရမယ့် ရက်ပဲ..

ထိုင်ခုံမှာ မှီထားသည့် စက်ဘီးလေး ကို ယူကာ ငွေလွှဲဖို့
သွားလိုက်သည်...

အမေ့အတွက် ငွေလွှဲပြီးတာနဲ့ အချိန်ပိုင်းအလုပ်ဆီကို
တန်းပြေးရသည်....

ဆိုင်ကို ရောက်တော့ လူက အတော်လေးကို ရှုပ်နေပြီ

သူဌေးဆီက အဆူခံရတော့မယ်ဆိုတာ ကြိုသိနေတာမို့
ကုတ်ကုတ်လေးဝင်မယ်လုပ်ခါမှ
" Kim Taehyung ဘာလို့နောက်ကျနေတာလဲ"

ခေါက်ဆွဲဟင်းရည်ထည့်သည့် ယောက်ချိုဇွန်းကြီးကို မကာ
ပြောတော့ သူဌေးနဲ့ ကျနော့်ကြားကို Han က ဝင်လာပြီး

" သူဌေး...ဟိုဖက်ဝိုင်းက ပဲခေါက်ဆွဲမှာလို့ပါ ဟဲဟဲ.. "

အလုပ်ရှုပ်နေတာကို အခွင့်ကောင်းယူပြီး store ခန်းထဲ
ကို အပြေးဝင်လိုက်သည်။

အမှိုက်ထုပ်တွေကို ပစ်ရမယ့် အလှည့်က ကျနော့် အလှည့်

လက်နှစ်ဖက်လုံး မှာ အမှိုက်ထုပ်တွေကို ဆွဲပြီးအပြင်ထွက်
လိုက်တော့
" အကို... "

ရင်းနှီးတဲ့အသံ... ဘယ်သူမှန်း တန်းသိသည်..

လှည့်ကြည့်လိုက်တော့ အနားကို အပြေးရောက်လာတဲ့
ယုန်သွားနဲ့ ကောင်လေး Jungkook...

ပြုံးပြပြီး
" အော Jungkook... "

လက်ထဲက အမှိုက်ထုပ်ကို လာဆွဲသည်။

"နေပါစေ.. ငါနိုင်ပါတယ်"

" ကျနော် လိုက်ပို့ပေးမယ် အမှိုက်ပစ်မယ့် နေရာက
ဘယ်နားလဲ... "

Last Summer ( Completed )Where stories live. Discover now