♡ 12 ♡

3.4K 432 34
                                    

Zawgyi

Mart အလယ်ထပ်လောက်က cafe တစ်ခု။

စားပွဲတစ်နေရာမှာ ထိုင်ရင်း Geunအတွက် ကြက်ကြော်မှာ ပေးထားသည်။

အမျိုးသမီးက cardလေးတစ်ခုထုတ်ပေးသည်။

" ကျွန်မရဲ့ business card ပါ "

"အော... ဟုတ်ကဲ့ "

Geun ကို ကြည့်ရင်းမေးသည်။
"ကြက်ကြော်ကြိုက်လား ကလေးလေး"

ခေါင်းတဆတ်ဆတ်ငြိမ့်ပြပြီး
"ကြိုက်ပေမယ့်  papa လက်ရာလောက် သိပ်မကောင်းဘူး"

Taehyung က ခေါင်းလေးကိုဖွဖွလေးပုတ်လိုက်သည်။

" နာမည်က Geun တဲ့လား"

"ဟုတ်ပါတယ်... ကျနော့်သား နာမည်က Jeon Geun ပါ"

" အမျိုးသမီးက တော်တော်လှတယ်နဲ့တူတယ် သားကလည်း သိပ်ကို။ ချစ်စရာလေးရယ် "

ပျက်ပျက်ယွင်းယွင်းဖြစ်သွားတဲ့ Taehyung ရဲ့မျက်နှာ။

အဖြေကို သိနေသောမေးခွန်းကို မေးလိုက်မိသည်။
ရည်ရွယ်ချက်ရှိရှိမေးလိုက်သော မေးခွန်းဆိုတာကို Taehyung တစ်ယောက် သတိထားမိသွားမလား။

အဖြေရခက်နေတဲ့ အချိန်မှာ Geunက
"Geunမှာ mama မရှိဘူး papaနဲ့ dadaပဲရှိတာ"

Hiah က အားနာနေတဲ့ မျက်နှာနဲ့
"တောင်းပန်ပါတယ်နော်... Taehyung ကို"

"ကျနော်က အဆင်ပြေပါတယ်"

"ဒါဆို Geunက ဘယ်လိုရ-"

မေးခွန်းတွေက လူကို ရိုက်နှက်နေသလို။ အရိုးတွေကြေမွပြီး ခံရခက်လိုက်တာ။

" papa စားလို့ဝသွားပြီ... ပြန်ချင်နေပြီလို့"
လက်ကို လှုပ်ပြီးမေးမှ သတိဝင်လာသည်။

"hm... ကလေးက ပြန်ချင်နေပြီတဲ့ ကျွန်မရှင်းလိုက်ပါ့မယ်"

"ခွင့်ပြုပါဦး.. "

"Shin Hiah ပါ... "

Geun က မတ်တပ်ရပ်ပြီး ခါးလေးညွှတ်ကာ အရိုအသေ ပေးလိုက်သည်။
"ကြက်ကြော်အတွက် ကျေးဇူးတင်ပါတယ် ဒေါ်လေး Shin"

Hiah က Geun အရပ်နဲ့ညီအောင် ထိုင်ချပြီး  Geun ကို ခနလောက် ဖက်လိုက်သည်။

ဒီမြင်ကွင်းကို မြင်ရတာ ဘယ်လို ခံရခက်နေတာလဲ။ shin Hiah ဆိုတဲ့ မိန်းမက သားကို လုသွားမယ်လို့ စိတ်ကထင်နေတာ။
သူမနဲ့သား အတူရှိနေတာကို တကယ် သဘောမကျဘူး။

Last Summer ( Completed )Where stories live. Discover now