♡ 11 ♡

3.5K 435 13
                                    

Zawgyi

အဝတ်တွေလှန်းနေတုန်း နေရောင်က တဖြည်းဖြည်းနဲ့ မှေးမှိန်
လာတဲ့ နေရောင်ရယ်...

ထည့်ထားတဲ့အဝတ်ခြင်းကို ချပြီး မော့ကြည့်တော့ အလျင်အ
မြန်ဖုံးလာတဲ့ မီးခိုးရောင် တိမ်တွေ...

တစ်ခနအတွင်းမှာပဲ ညိုလာတဲ့ မိုးတွေ...

ချိတ်ထားတဲ့အဝတ်တွေကို အလျင်အမြန်ပြန်ရုတ်ပြီး အိမ်ထဲမှာပဲ လှန်းဖို့လုပ်လိုက်သည်...

Geun က ဘေးနားကနေလာပြီး ခြေထောက်လာဖက်တယ်

" Umm... နိုးလာပြီလား... morning Geun "

လူကိုမော့ကြည့်ကာပြုံးပြပြီး
" morning papa... dada အခုထိ မထသေးဘူး"

" dada ကို သွားနှိုးလိုက်ဦးနော်... pa အဝတ်တွေလှန်းဦးမလို့... "

"Geun လည်းကူမယ်လေ"

"ဒါဆို dada ကိုသွားနှိုးပါ ကလေးလေးရေ... "

တခစ်ခစ်ရယ်ပြီး အနားကနေထွက်သွားသည်...

လူပေါ်ကို ခွတက်ပြီး မျက်နှာအနှံ့ကို လက်နဲ့ဖဲ့နေတဲ့ Geun

ပါးကို လက်နဲ့ တဆတ်ဆတ်လာရိုက်ပြီး
"dada မိုးလင်းနေပြီ"

" Mmmm... "

ဘေးကို လဲချပြီး ခြေထောက်က ဗိုက်ကိုခွထားကာ
" dada အိပ်ရာထတော့... "

" dada!! "

ခေါင်းအုံးကိုယူပြီး နားကိုပိတ်ကာ အိပ်သွားသော dada
ကြောင့် ဒေါသတွေထွက်လာသည်...

"dada မထရင် Iron Man အရုပ်ကို လက်တွေချိုးပစ်ဖို့ သွားတော့ မယ်"

ထမယ်လူပ်တော့ လက်လှမ်းဆွဲလိုက်သည်...

Geunကို အောက်ဖိထားရင်း ခါးတွေကို အနှံ့ ကလိထိုးတော့
"ဟီးဟီး ယားတယ်လို့...အရုပ်တွေကို မချိုးဘူး ကတိပေးတယ်...ဟီး..."

" မင်း က ငါကို ပုန်ကန်နေတာလေ"

"ဟီး...dadaမှ အိပ်ရာမထတာ"

သားကိုဆွဲမပြီးနမ်းမယ်လုပ်တော့ လက်နဲ့ မျက်နှာကို တွန်းထားသည်...
"မျက်နှာမသစ်ဘဲမနမ်းနဲ့...နံတယ်"

"မရဘူး.. "

"အား...pa ရေ ကယ်ပါဦး... အနိုင်ကျင့်နေပါတယ်"

Last Summer ( Completed )Where stories live. Discover now