♡ 15 ♡

3.4K 443 37
                                    

Zawgyi

ရေညှိဟင်းရည်ကို နွှေးထားပြီး ထမင်းဘူးထဲကို သေချာထည့်
နေသည်။

မက်ကရယ်ငါးနဲ့လုပ်ထားသည့် ထမင်းလိပ် ပေါ်ကို ဆီအနည်းငယ် သုတ်ပြီး လှလှပပလေးဖြစ်အောင် စီရီပြီး ထည့်နေသည်။

အနောက်ကနေ ခါးကို လာဖက်သည့် မောင်
" Geunမြင်မယ်... ဖယ်လို့"

"မြင်မြင်ပေါ့... ကိုယ့်ယောက်ျားကိုယ် ဖက်တာပဲ"

"သားက စာမေးပွဲရှိလို့ မောင်... ကောင်းကောင်းလုပ်ပါရစေ"

"တစ်ခါလာလည်း သားက စာမေးပွဲ... သားရဲ့ pilot test သားရဲ့ သင်တန်း....မောင် နဲ့အတူတူရှိတဲ့အချိန်က ငါးမိနစ်တောင် မပြည့်ဘူး "

" မောင် ရာ... မရစ်စမ်းပါနဲ့"

မျက်နှာအနှံ့ကို လိုက်နမ်းနေသည့် မောင် ။

သားငယ်က အပေါ်ထပ်လှေကားကနေ ခြေစုံပေါက်ပြီးဆင်းလာသည်။
"papa...papaရေ"

မောင့်ကို အဝေးတွန်းလွှတ်လိုက်တော့ မျက်နှာကြီးဆူပုတ်နေတာ။

ထမင်းစားပွဲဝိုင်းမှာထိုင်ပြီး သူ့အတွက်ပြင်ပေးထားသည့် မနက်စာကို စားနေသည်။

မောင်က သားဘေးနားသွားထိုင်ပြီး
"ဒီတစ်ပတ်ကျောင်းပိတ်ရင် မင်းအဖွားဆီ သွားနေ"

" ဘာဖြစ်လို့လဲ da... "

" အိမ်မှာရှုပ်တယ်ကွာ... "

မောင့်လက်မောင်းကိုရိုက်ချလိုက်ပြီး
" သားကို ဘာတွေပြောနေတာလဲ. "

ပေါင်မုန့်ကို ကိုက်ထားရင်း မကြည်ပေါက်နဲ့ကြည့် နေသည်။

Geunကို နေ့လယ်စာသေချာထည့်ပေးပြီး ကျောင်းကိုလိုက်ပို့ရသည်။
" Geun ကုန်အာင်စားခဲ့နော်..."

" စိတ်ချပါ pa ရဲ့"

ကျနော့် ပါးကို တစ်ချက်နမ်းသွားသေးသည်။ 
၁၀နှစ်သာရှိပေမယ့် အတော်လိမ်မာရင့်ကျက်သည့်သားငယ်။

စာသင်ချိန်လေးချိန်ပြီးတာနဲ့ရောက်လာသည့် နေ့လယ်စာတန်း။
Pa ပေးလိုက်တဲ့ ထမင်းဘူးကို ဖွင့်ပြီးစားမယ်လုပ်တော့ ထမင်းဘူးထဲကို မှောက်ကျလာသည့် colaတွေ။

Last Summer ( Completed )Where stories live. Discover now