♡ 8 ♡

4K 474 22
                                    

Zawgyi

"ဆေးရုံသွားရအောင်... "

"ကလေးလေးရှိနေတာ သေချာတာမို့ သွားစရာမလိုဘူး
မောင်... "

"မောင်... တစ်ခုခု လုပ်လာခဲ့မယ်... ဒီမှာ စောင့်နေဦးနော်"

"အင်း... "

ဗိုက်လေးကို ကိုင်ပြီး ကုတင်ပေါ်မှာ ထိုင်နေခဲ့သည်

အိမ်အပြင်အနောက်ဘက်ကိုထွက်လိုက်ပြီး သူငယ်ချင်း
ဆရာဝန် တစ်ယောက်ကို ph ဆက်လိုက်သည်

ငါးလတည်းနဲ့ ကိုယ်ဝန်ရလာတာကို လူက မယုံချင်သလိုဖြစ်
နေသည်
ဒါမှမဟုတ် ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလား

ph ဆက်ကြည့်တော့ သေချာအောင် ဆေးရုံသွားသင့်တယ်
လို့ပြောတယ်...
တချို့က အလျင်အမြန်ဖြစ်လာပေမယ့် တချို့ကကျ side
effects တွေ...

သက်ပြင်းခပ်သဲ့သဲ့ချလိုက်ပြီး နွားနိုးပူပူလေး တစ်ခွက်ဖျော်
လိုက်သည်...

နွားနို့ခွက်ကို ယူပြီအပေါ်တက်သွားတော့ ကုတင်ပေါ်မှာ
ပြုံးနေတဲ့ Tae...

အနားကိုသွားထိုင်လိုက်ပြီး
" Tae... ဒါလေး သောက်လိုက်ဦး"

"အော... မောင်"

တစ်ကြိုက်တည်းအကုန်သောက်ပြီး ခွက်လေးကို မှောက်ပြ
သည်...
"ကုန်သွားပြီ.. "

"မောင့် အသက်ကတော်လိုက်တာ.. "

သွားတန်းညီညီလေးတွေ စီတန်းလာတဲ့အထိပြုံးပြသည်...

အပြုံးကိုတုန့်ပြန်သည့်အနေနဲ့ ဆံပင်လေးကိုဖွလိုက်ပြီး
ထပ်ပြုံးပြတော့ နှာခေါင်းလေးရှုံ့ပြီး ထပ်ရယ်ပြန်သည်

နှလုံးသားထဲက အောင့်သက်သက်နဲ့...
အသက် စိတ်ထိခိုက်မှာစိုးတယ်....

***
အိမ်ရှေ့ခုံတန်းလျားလေးမှာ ထိုင်ကာ ချည်လုံးတွေနဲ့
အလုပ်ရှုပ်နေတယ်...

ကလေးလေး အပြင်ဘက်ရောက်လာရင် ဝတ်ဖို့အတွက်
ကိုယ်တိုင်လုပ်ပေးချင်ခဲ့တာ...

မောင်က အရှေ့ကိုရောက်လာပြီး နှုတ်ခမ်းတွေရေ။ မျက်နှာ
တစ်ခုလုံးကို။ တဖွဖွနမ်းနေသည်

"မောင်... ဖယ်ကွာ ငါအလုပ်လုပ်နေတယ်"

" ဟော။ ဘာလုပ်နေတာမို့လို့လဲ"

Last Summer ( Completed )Where stories live. Discover now