Special Summer

3.5K 396 73
                                    

Zawgyi

သိမ်းစရာရှိတာ သိမ်း လွှင့်ပစ်စရာရှိတာ လွှင်ပစ်ဖို့ စတိုခန်း
ထဲက ပစ္စည်းအဟောင်းတွေကို စစ်နေမိသည်။

ဖုန်တွေက မျက်မှန်ကို ခနခနလာရိုက်သောကြောင့်
ဖြုတ်ပြီး အင်္ကျီဖြင့် ပြန်သုတ်ရသည်။

တုန်တုန်ချိချိနဲ့ လက်တွေက ဟိုဘူးကိုင်လိုက်ဒီဘူးကိုင်
လိုက်ရယ်...

အသက်က စကားပြောလာပြီဖြစ်လို့ သိပ်အများကြီး မလှုပ်
ရှားနိုင်တော့ဘူး။ အရင်လိုသွက်သွက်လက်လက်နဲ့လည်း
မလှုပ်ရှားနိုင်တော့ဘူး။

ဖုန်တွေချပ်နေတဲ့ သစ်သားဖြင့်လုပ်ထားသည့် သေတ္တာလေးဆီကို မျက်စိရောက်သွားသည်။

လေနဲ့တစ်ချက် ဖုန်တွေကို မှုတ်ထုတ်လိုက်ပြီး သေတ္တာကို
ဖွင့်ကြည့်မိသည်။

ဆွေးမြေ့တဲ့ ပုံအဟောင်းလေး က လက်ထဲကိုရောက်လာသည်။

သားငယ် ၇လသားတုန်းကပုံလေးပဲ... မောင်က သားကို
ချီထားပြီးကျနော့်ခါးကိုဖက်ထားသည်။

သုံးယောက်လုံး ခပ်ပြုံးပြုံပါပဲရယ်... လှိုက်တက်လာသည့်
ကြည်နူးမှုနဲ့အတူ မျက်ရည်တွေအိမ်ဖွဲ့လာသည့် မျက်ဝန်း
တွေ..

နောက်ထပ်ရောက်သွားသည်က သားငယ် US ကနေပြန်
လာတုန်းက နွေရာသီလေး...

အဲ့နေ့က အိမ်မှာ မှတ်မှတ်ရရခေါက်ဆွဲအေးလုပ်စားဖြစ်တဲ့
နေ့ပါပဲ..champagne partyသေးသေးလေး
လုပ်ခဲ့တဲ့နေ့လေး...

သားက သူသဘောကျနေတဲ့ မိန်းကလေးအကြောင်း
ကျနော့်ကို ဖွင့်ပြောနေ့....

နွေဦးလေပြေလေးက အခန်းဆီသို့တဖြည်းဖြည်းတိုးဝေ့
လာသည်။

စိတ်ဝိဥာဉ်တစ်ခုလုံးက တဖန် အတိတ်ကနွေရာသီကို
ရောက်ရှိသွားလေသည်။

ညနေစောင်းလောင် မောင့်ကို ခေါင်းလျှော်ပေးနေတုန်း
အိမ်ရှေ့က ကားသံကြားရသည်။

" မောင်... ဘယ်သူလာလဲ ငါသွားကြည့်ဦးမယ်"

မျက်လုံးတွေမှိတ်ထားရင်း သူက
"အင်း... အသက်သဘော.. "

ဆပ်ပြာမြုပ်တွေပေကျံနေသည့် လက်ကိုရေဖြင့်ဆေးချပြီး
အိမ်ရှေ့ထွက်လာခဲ့သည်။

Last Summer ( Completed )Where stories live. Discover now