♡ 14 ♡

3.3K 422 41
                                    

Zawgyi

" Geun ကျောင်းမှာ ဘယ်သူလာခေါ်ခေါ်မလိုက်ရဘူးနော် "

"sam ကိုလည်း သေချာမှာထားတယ် pa က အချိန်တိ လာကြို မှာလို့ "

ကျောင်းလွယ်အိတ်ပြင်ပေးရင်း တရစပ်မနားတမ်း မှာနေသည်။

Geunက အနားကို ရောက်လာပြီး ခြေထောက်ကို ဆွဲဖက်သည်။
"အဒေါ်ကြီး Shinကောပါလားဟင် "

စာအုပ်တွေစစ်ပြီး လွယ်အိတ်ဇစ်ပိတ်လိုက်သည်။

"အင်း ပါတယ်....သူမက အန္တရာယ် အရှိဆုံးပဲ "

"သူမက သဘောကောင်းပါတယ် Geunကို မုန့်တွေလည်း
ဝယ် - "

"Geun!! "

အရပ်ညီအောင်ထိုင်ချပြီး Geun ရဲ့ အင်္ကျီတွေကို ဆွဲယူပြင်
ပေးသည်။
"pa စကားကို နားထောင်နော် Geun..."

အက်ကွဲနေသည့် လည်ချောင်းသံက ဝမ်းနည်းမှုတွေအရည်ဖျော် ချထားသည်။

Hiahက အနားမှာ အရိပ်လိုရှိနေသရွေ့ Geunကို စိတ်မချနိုင်ဘူး။
သားကို ပြန်လုသွားမယ်ဆိုတဲ့အမှောင်ထုက ဖုံးအုပ်ထားသည်။

မျက်ဝန်းထဲက အရည်ပူပူတို့ တစိမ့်စိမ့်လိမ့်ကျလာတော့ ပါးနှစ်ဖက်ကိုရောက်လာသည့် Geunရဲ့ လက်သေးသေးလေးတွေ။

" ငိုနေပြန်ပြီ....Geun  အဲ့ဒီအဒေါ်ကြီးနဲ့လည်း မတွေ့ဘူးနော် paစကားနားထောင်မယ်နော်... မျက်ရည်တွေထွက်ရင်
ဒီနားက နာလာပါတယ်ဆို... "

သူ့ရင်ဘတ်လေးကို ပုတ်ပြသည်။

ဝမ်းနဲ့ လွယ်မမွေးခဲ့ပေမယ့် နှလုံးသားနဲ့ လွယ်မွေးခဲ့ရတဲ့သား။
နှလုံးသားထဲကနေ ထွက်လာတဲ့ သားငယ်။

"အင်း...  စကားနားထောင်ရင် မျက်ရည်တွေကို မမြင်စေရဘူးGeun "

ခေါင်းလေးတနုတ်နုတ်ငြိမ့်ပြပြီး လွယ်အိတ်လေး ကောက်ဆွဲသည်။

မောင်က necktie ကို ချည်ရင်း အနားကိုရောက်လာသည်။

ကျနော်နဲ့ သားကို တစ်ချက် စီနမ်းပြီး သားကို ပွေ့ချီသည်။
မျက်နှာအနှံ့ကို နမ်းမယ်လုပ်တော့ သားက သူ့ dadaရဲ့ မျက်နှာကို လက်တွေနဲ့တွန်းထားသည်။

သေချာကြည့်လိုက်မှ မောင့် necktie  က ခပ်စောင်းစောင်း ဖြစ်နေတယ်ရယ်။

Last Summer ( Completed )Where stories live. Discover now