♡ 9 ♡

3.9K 470 19
                                    

Zawgyi

Geun ကို ချီထားပြီး လမ်းလျှောက်ရင်း အိပ်ပျော်
အောင်သိပ်နေရသည်...

သားက လက်ကနေချတာနဲ့ ချက်ချင်းနိုးပြီးအော်ငိုတော့
တာ...

သီချင်းအေးအေးလေးဆိုပြီး လက်ထဲပွေ့ပိုက်ကာ ချော့သိပ်
နေသည်...

သားအိပ်ပျော်သွားမှ အသာအယာချကာ အပြင်ကိုထွက်လာ
တော့ laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ Jungkook

အခုရက်ပိုင်း မောင့်ကို အနားမနေပေးဖြစ်ဖူးရယ်...

သားက ကျနော်နဲ့အချိန်ပြည့်ရှိနေတာမို့...

နည်းနည်းလေးတောင် မညည်းညူတတ်တဲ့မောင်
company ရယ် piano သင်တန်းရယ် ကျနော့်နဲ့
Geun ရယ် တာဝန်အကုန်လုံးက မောင့်အပေါ်ပြိုကျ
နေတာ...

အနားကိုသွားထိုင်ပြီး သူ့ကိုယ်လုံးခပ်ထွားထွားကို သိမ်း
ကြုံးဖက်ထားတော့
"သားရော...အိပ်သွားပြီလား"

ဂုတ်နားက ဆံသားလေးတွေကို နမ်းရှိုက်မိသည်...
" အော... သားက အိပ်သွားပြီ"

ကျနော့်ဘက်ကို လှည့်လာပြီး မျက်နှာကို လက်တွေနဲ့
ထိန်းကိုင်သည်

" ချောင်ကျသွားတာပဲ... ပါးဖောင်းဖောင်းတွေက"

"နည်းနည်းလေးပါ... "

" ဒီရက်ပိုင်း အာဟာရပြည့်တာတွေစားရမယ် မောင် ပဲ
မီးဖိုချောင်ဝင်ရမယ်"

"မောင်ရာ... "

"မဟုတ်ရင် အားနည်းမယ် လေ အသက်ရဲ့"

" Geun ကြောင့် ညအိပ်ရေးပျက်တာလေးပဲရှိတာပါ
ကျန်တာအဆင်ပြေတာကို... "

"မဖြစ်ဖူး...ပိန်ကျသွားလို့ မဖြစ်ဖူး"

"ငါက ကလေးလည်းမဟုတ်တော့ပါဘူး မောင်ရာ"

" ကလေးမဟုတ်တော့လို့ ပိုပြီးစိတ်ပူနေတာ"

ပါးကို ဖြတ်ခနဲလာနမ်းသည်...
"ပင်ပန်းနေလားမောင်... "

"ဘာကို ပင်ပန်းရမှာ... မောင်က အသက်နဲ့သားက အားဆေး
တွေ...ဒီအားဆေးလေးတွေကြောင့် ပင်ပန်းတယ်ဆိုတာ
ဘာမှန်းကိုမသိတော့တာ"

သူ့စကားမှာ ခိုးခိုးခစ်ခစ်နဲ့ ရယ်မိသည်...

သားက လေးလလောက်ဆိုတော့ လေးဖက်ထောက်နေပြီ...

Last Summer ( Completed )Donde viven las historias. Descúbrelo ahora