♡ 10 ♡

3.9K 447 51
                                    

Zawgyi

" twinkle twinkle little star... How I wonder
what you are "

Geun က မူကြိုနှုတ်ဆက်ပွဲအတွက် အသံလေ့ကျင့်နေတာ

သားက သီချင်း ဆိုရမယ်တဲ့လေ....

အသံပိစိလေးကို သံယောင်လိုက်ပြီးဆိုပြတော့ မျက်လုံးလေး
တွေမှိတ်တဲ့ အထိ ရယ်ပြပြီး twinkle ကို ဆက်ဆိုပြနေ
သည်...

လူပေါ်ကို တက်လာပြီး ခြေထောက်တွေက ခါးကို ခွထားသည်

ကျနော့် မျက်နှာတစ်ခုလုံးကို တရှုံ့ရှုံ့နမ်းပြီး
" papa ဘယ်လိုနေလဲဟင်... "

" နားထောင်လို့ တကယ်ကောင်းတာပဲ... "

" အဲ့နေ့ကျ papa ရော dada ရော လာမယ်မလားဟင်"

သားဆံပင်လေးတွေကို လက်နဲ့ သပ်ပေးပြီး ပါးဖောင်းဖောင်း
နှစ်ဖက်လုံးကို တစ်ချက်စီနမ်းလိုက်သည်...

" လာရမှာပေါ့... Geunလေးသီချင်းဆိုတာကို pa ရော dadaရော လာကြည့်မှာ"

"အင်္ကျီလှလှလေးလည်း ဝတ်ရမယ်"

"အော အော... ဒီနေ့ paနဲ့ shoppingထွက်ကြမယ်လေ.."

အောက်ကို ဆင်းပြီး လက်ခုပ်ထတီးသည်... သူပျော်သွားတယ်ပေါ့...

"အခုတော့ dada ရဲ့ နေ့လည်စာကို သွားလုပ်ရအောင်"

Geunရဲ့လက်ကို ဆွဲကာ kitchen ထဲသို့ ဝင်လာလိုက်သည်...

"papa သား ဘာလုပ်ပေးရမလဲ"

Geun နဲ့ အရပ်ညီအောင် ထိုင်ချပြီး သား လက်ထဲကို ဟင်းနုနယ်ရွက် အနည်းငယ်ထည့်ပေးသည်...

ဗန်းလေးတစ်ခု ယူပေးပြီး
" ဒါလေး ဆေးပေးနော် pa ကို.. "

ခေါင်းငြိမ့်ပြပြီး basin နားသွားကာ အရွက်တွေ လက်သေးသေး တွေနဲ့ ဆေးနေသည်...

မောင့်အတွက် lunch menu က kimbap နဲ့ lemon juice လေး...

ကြက်ဥ ကြော်ပြီး ပန်းကန်ထဲကို ထည့်တော့ Geun က
'မွှေးတယ်မွှေးတယ်' လို့အော်ပြီး စားပွဲကို ကိုင်ကာ ခြေဖျား
ထောက်ပြီး မော့ကြည့်လာသည်...

တူနဲ့ ပန်းကန်သေးသေးလေးကို ခွဲထည့်ပေးပြီး
" မင်းသားလေးအတွက်ပါ"

ဇွန်းသေးသေးလေးနဲ့ ခပ်စားနေသည်...

Kimbapကို သေချာလိပ်နေတုန်း
"papa... "

Last Summer ( Completed )Where stories live. Discover now