♡ 13 ♡

3.3K 412 26
                                    

Zawgyi

"ကိုကို ကောင်းကောင်းမွန်မွန်နဲ့ရှိနေရဲ့လား "

၁၀နှစ်တောင် ကြာမြင့်ခဲ့ ဝက်သစ်ချပင် ကို ကျောမှီထားသည်။
ဒီနေရာကို ကိုကို နဲ့ ပဲလာဖူးတာလေ။

အရင်တုန်းက လက်တွေဆုပ်ကိုင်ထားတဲ့ ဘေးမှာ အခုတော့
ကွက်လပ်။ ကိုကိုကတော့ အပူအပင်မရှိဘဲ ထားသွားခဲ့တာ ပဲ။

Hi (ဟီ) အတွက်က တော့ ကိုကို မရှိတဲ့ ၆နှစ်အတွင်း သံရည်ပူတွေကို ပိုက်ပြီး လမ်းလျှောက်နေရတဲ့အတိုင်း။
ကြမ်းပြင်တွေက ဆူးတွေနဲ့ပြုလုပ်ထားသလို ခြေထောက်တွေကလည်း ပေါက်ပြဲနေတယ်။

Hiah မွေးခဲ့တာ သားလေး ကိုကို....။ ဒါပေမယ့် Hiah တို့ရဲ့ ကလေးမဟုတ်ဘူး။ မေမေကြီးက သေပြီလို့ ပြောခဲ့တဲ့
သားလေးက အသက်ရှင်နေတယ် တခြားမိသားစုရဲ့ ကလေးအဖြစ်နဲ့။

ပါးပေါ်ကိုဖြတ်စီးသွားတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ဖိသုတ်နေတုန်း မျက်စိရှေ့ကို ရောက်လာတဲ့ လက်ကိုင်ပုဝါ အပြာရောင်လေး။

"မျက်ရည်တွေ သုတ်လိုက်ပါ တဖက် company က စာချုပ်နဲ့ ပက်သက်ပြီး  မမလေးနဲ့ တွေ့ချင်နေပါတယ် "

"နင်ပဲ သွားလိုက်  Yun "

"မမလေးနဲ့တွေ့ချင်တာပါ တဲ့သူက"

မတ်တပ်ထရပ်ပြီး လက်ကိုင်ပုဝါနဲ့ မျက်ရည်တွေ သုတ်ပစ်
လိုက်သည်။

"သွားတာပေါ့ "

ရုံးခန်းကို ရောက်တော့ အသင့်စောင့်နေတဲ့ထိုလူ။
တခြားသူမှ မဟုတ်ဘဲ Jeon Jungkook ။

အရှေ့မှာဝင်ထိုင်လိုက်သည်။  company စာချုပ်တစ်ခုကို
ပြသည်။
"ကျွန်မနဲ့တွေ့ချင်တာ စာချုပ်နဲ့မဆိုင်ဘူးထင်တယ်"

Jungkook က ခပ်ပြုံးပြုံးပါပဲ။

" Hiah က တစ်ချို့တွေထက် အဝေးကို လှမ်းမြင်တတ်ပါတယ် ကျနော်ဘာကိစ္စနဲ့ လာတယ်ဆိုတာသိမှာပါ"

Yun က coffeeနှစ်ခွက်ယူလာပြီး ချပေးသည်။

" Geunက ကျွန်မသားပါ ကျွန်မ ကိုယ်တိုင်မွေးခဲ့တာပါ"

"စွန့်ပစ်ခဲ့တယ်လေ... ရက်သားအရွယ်ကလေးတစ်ယောက်ကို"

"မဟုတ်ဘူး... မစွန့်ပစ်ခဲ့ပါဘူး... ကျွန်မမိသားစုရဲ့ အခြေအနေ အချို့ကြောင့်"

Last Summer ( Completed )Where stories live. Discover now