♡ 7 ♡

4K 496 25
                                    

Zawgyi

အနက်ရောင် စွပ်ကျယ်တစ်ခုတည်းသာ ဝတ်ထားပြီး
kitchen ထဲမှာ ပန်းကန်ဆေးနေတဲ့ မောင့် ဘေးကို သွား
ရပ်လိုက်သည်....

counter ကို ကျောမှီပြီး သူ့ကို ကြည့်နေတော့ ပြုံးပြပြီး
ပန်းကန်တွေကို ပြန်အာရုံထားနေတယ်...

မနေ့တစ်နေ့လောက်ကမှ လတ်လတ်ဆတ်ဆတ် အလှဆင်ထားတဲ့ မောင့် လက်တစ်ဖက်ပေါ်က tattoo တွေက
စိုရွှန်းရွှန်းနဲ့ သိပ်အသည်းခိုက်စရာကောင်းတာပဲ...

တကယ်တော့ မောင်ကိုယ်တိုင်က tattoo ထိုးချင်ခဲ့တာ...

သူမလုပ်နိုင်တဲ့ အကြောင်းအရာကို မမေးချင်ခဲ့ပေမယ့်
ကိုယ်တိုင်ကိုက သူ့ရဲ့ ပါရမီဖြည့်ဖက် ဖြစ်ချင်ခဲ့တာ

မောင် လုပ်ချင်တဲ့ အရာမှန်သမျှကို ဘေးကနေ လိုက်ပြီး
အတူတူ ဖြည့်ဆည်းပေးချင်တယ်...

အကြာကြီး စိုက်ကြည့်နေမိတော့
"ဘယ်လိုလဲ အဲ့လောက်တောင် ကြည့်ကောင်းတာလား"

"အော... ကြည့်ကောင်းတယ်ဆိုတာ ဘယ်လိုပြောရမှန်း
မသိလောက်အောင်ကို ကြည့်ကောင်းတယ်"

counter ပေါ်ကို ကျနော့်ကို။ တင်ပြီး ခြေထောက်တွေကြား
လာရပ်သည်

ခါးကိုကိုင်ထားပြီး မျက်နှာကို တစိမ့်စိမ့်ကြည့်နေတယ်...

နှုတ်ခမ်းကို လက်မနဲ့ ပွတ်ဆွဲပြီး ခပ်သေးသေးအနမ်းတစ်ခု
ကို ဖန်တီးနေသည်...

"လုပ်ချင်တာတွေလုပ်ပြီး ရှင်သန်ကြရအောင် မောင်.. "

"လုပ်ချင်တာ? "

"အော... ငါတို့ လုပ်ချင်တာတွေနဲ့ အနာဂတ် ငါက
ကလေးသေးသေးလေး တစ်ယောက် မွေးပြီး
လူသူဆိတ်ငြိမ်တဲ့ နေရာလေးမှာ မင်းနဲ့အတူ ဖြတ်သန်း
ချင်တယ်... သာမန် ဘဝလေး... သာမန်မိသားစုလေး
ပြီးတော့ သာမန် အခြေအနေနဲ့... "

နှဖူးကို လာနမ်းပြီး
"မောင်က piano တီးမယ်... အသက်နဲ့ ကလေးလေးကို ညတိုင်း piano တီးပြမယ်"

" အချိန်ဆွဲမနေဘဲ... "

"အော... အကုန်အဆင်သင့်ဖြစ်ရင်ပေါ့"

"ဘာကို? "

" company တွေကနေ certificate ရအောင်လုပ်
မောင်က bakery ဆိုင်လေးဖွင့်ပေးမယ်"

Last Summer ( Completed )Where stories live. Discover now