Part 1 uni

27.7K 425 7
                                    

ဒီဇတ်လမ်းက အာသာရဲ့‌facebookမှာ၂၀၁၈ခုနှစ်ကရေးထားတာကြောင့် Ficအဟောင်းလေးပါနော်။

မိန်းခလေးတစ်ယောက်ကိုချစ်မိရင်...♥
When a man falls in love...

မိုးရွာရန်ရာခိုင်နုန်း၈၀ဟု မိုးလေဝသမှသတင်းကြေငြာထားသည်။
စတင်လည်းရွာသွန်းနေပြီမို့ ။လူများကားများမိုးလွတ်အောင်အိမ်ပြန်လမ်းကိုအသော့နှင်ကြသည်။
တဖြည်းဖြည်းနဲ့လမ်းပေါ်မှာလူရှင်းသ
လောက်ဖြစ်လာကာ။
မဟူရာလမ်းမကြီးတစ်ခုလုံးလည်းမိုးဖွဲ
တွေကြောင့်ရွှဲစိုနေပြီဖြစ်သည်။

မိုးရေစက်တွေသည်အသဲခိုက်အောင်
အေးမြပါသော်လည်း ထိုလမ်းမပေါ်မှ လူနှစ်ယောက်ကတော့ ပူလောင်သောဇောအဟုန်ဖြင့်အသားကုန်ပြေးနေရသည်။ သူတို့နောက်မှာကား၂စီးကလိုက်ပါလာသည်။

ကားကပြေးနေတဲ့လူတွေကိုလိုက်တိုက်
နေတာဖြစ်ပြီး သိပ်မကြာခင်မှာပဲထိုလူနှစ်
ယောက်ကိုကားနဲ့ဝင်ကျုံးမိပြီးလဲကြသွား
သည်။
ကား၂စီးပေါ်ကလူတွေဆင်းလာကြသည်။
ပြီးနောက်ထီးတစ်ချောင်းဖွင့်ကာ..ကားတံခါးတစ်ဖက်ကိုပြေးဖွင့်ရင်း ထီးမိုးပေးမှလူတစ်ယောက်ထပ်ဆင်းလာသည်။
......
နောက်ဆုံးမှဆင်းလာတဲ့တစ်ယောက်ကလဲကျနေတဲ့လူတွေအနားကိုဖြေးဖြေးဆင်းလျှောက်လာသည်။

''ဘတ်သွားတဲ့ဆေးတွေဘယ်မှာလဲ''

"သခင်လေး.. ချမ်းသာပေးပါ.. ဒီတစ်ကြိမ်ပဲ
..တစ်ခါလောက်ခွင့်လွှတ်ပေးပါ..''
ထိုလူကိုခြေသလုံးဖက်မတတ်တောင်းပန်နေကြသည်။
ဘေးကလူတွေကတော့ကျောက်ရုပ်လိုဝန်းရံပြီးရပ်ကြည့်နေကြသည်။

''မရှိတော့ ဘူးလား.. ဒါဆိုရင်..''

''အမှားလုပ်မိပါတယ်။ ဆေးတွေကိုရာမဂိုဏ်းဆီအလုခံလိုက်ရတာပါ,,
ခွင့်လွတ်ပါသခင်လေး''

အနောက်တိုင်းကုတ်အကျီဝတ်ဆင်ထားကာ..ခါးထောက်ပြီးကြည့်နေတဲ့..ထိုလူကမဲ့ပြုံးတစ်ချက်ပြုံးရင်း..

"ငါ ငယ်ငယ်ထဲကသင်ယူခဲ့ရတာက..
သစ္စာဖောက်တွေဆိုရင် ဘယ်တော့မှအရှင်မထားနဲ့တဲ့..''

ထိုလူက စကားအဆုံးမှာပင်..ဒူးအနဲငယ်ကွေးလိုက်ပြီး.. ခါးထောက်ထားတဲ့လက်နှစ်
ဖက်မှာ မောင်းဓား၂ချောင်းကိုကိုင်ထားပြီး
လူနှစ်ယောက်ကိုတပြိုင်နက်ထဲထိုးသတ်လိုက်သည်။
"အား.....
အား.......''
ရင်ဘတ်ကနှလုံးနေရာကိုပဲရွေးထိုးတာဖြစ်ပြီး..ဓားကိုချက်ချင်းပြန်မနှုတ်ပဲ..သွေးစီးကြပြီး
ထိုလူ၂ယောက်လဲကျဝိဇိန်ချုပ်မှ ဓားတွေကိုပြန်ဆွဲနှုတ်ယူလိုက်ပြီး အနားကတစ်ယောက်ကိုပေးလိုက်သည်။

When a man falls in love...(Complete)Where stories live. Discover now