Part 8 uni

4.6K 193 6
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်.. 👯
When a man falls in love..♥

အပိုင်း..၈

သင်တန်း၁လပြည့်ပြီးပြီမို့..ခခလည်းသူတို့ပြောသမျှကောင်းကောင်းနားလည်
နေပြီဖြစ်သည်။
ရဲတွေရှေ့ပြောလို့မဖြစ်ပေမယ့်..အဲ့ဒီနေ့
ကဦးအနီအိမ်မှာရှိမနေတာတော့သေချာ
သည်။
သူ့အိမ်ထဲက ဘားမှာအရက်ထည့်နေတဲ့
သူ့ဆီ...ခခလျှောက်လာပြီး

"ဦးအနီ မှတ်လား.."
"ဘာကိုလဲ.."
"အဲ့မိသားစုကိုသတ်တာ.."
"မင်းကိစ္စမဟုတ်ဘူး.."
"မင်းမဲ့တိုင်းပြည်လည်းမဟုတ်ပဲ..တရား
ဥပဒေကိုမကြောက်ဘူးလား.."

"ဘယ်မင်းကြီးများ စိုးစံနေသလဲ..."
"ဦးအနီ......"
"Stop... ငါသိတာတော့ ငါ့နေရာမှာ
ငါကအရှင်သခင်.."

"ဦးအနီက တကယ်တော့ဆိုက်ကိုပဲ.."
"ဘာ...."

"အရွယ်မ‌ေရာက်သေးတဲ့ကလေး
ကိုတောင်သတ်ပစ်တယ်..ပုံမှန်စိတ်ဟုတ်ပါ့မလား...."

."မင်း... မင်း...ကဘယ်လောက်သိလို့လဲ..
အဲ့ကလေးကြီးလာရင်ဘာဖြစ်မလဲမင်း
သိလို့လား.." 

" လက်စားချေမယ်..လူသတ်မယ်ကလွဲရင် ကျန်တာမသိတဲ့
ဦးအနီ လိုဖြစ်လာမှာပေါ့..."
"တောက်... )))))))ခွမ်း.."
အရက်ခွက်နဲ့နံရံကိုပိတ်ပေါက်လိုက်တာ
ဖန်ကွဲစတွေလွင့်စင်ပြီး.. ခခရဲ့ပါးကိုပါရှမှန်ကုန်သည်။

"ခခ ပြောတာမှန်တယ်မို့လား.."
ဝုန်း...ဒုန်း...ခွမ်း...
သူ့ကိုတခွန်းမခံပြောတဲ့သူမအားစိတ်တို
ပြီး..ရှိသမျှအရက်ပုလင်းတွေကဓားစာခံ
အဖြစ်ကြေမွကုန်သည်။
အသံကြောင့်ဒိုင်းရိပ်နဲ့အခြား တပည့်တွေ
ပြေး၀င်လာသည်။

"သခင်လေး.."
"အဲ့မိန်းမက်ို ငါမမြင်ချင်ဘူး. ...
အစေခံတန်းလျားကိုပို့လိုက်.." 

"ဟုတ်ကဲ့.."
ခခကိုဆွဲခေါ်သွားသည်။ တကယ်တော့
သူ့အကြောင်းတွေကိုခခ သိသွားလို့ပိုပြီး
စိတ်ဆိုးတာဖြစ်သည်။
ဒယ်မွန်ဆီဖုန်းခေါ်ကာ..

"ဒယ်မွန် နင်ဘောင်ကျော်သွားပြီ.."

"ဘာဖြစ်လို့လဲBlood..သူကသိချင်တယ်
ဆိုလို့ပါ...
နင့်မိန်းမပဲလေ.. နင့်အကြောင်းတော့သိ
သင့်တာပေါ့.."
"တောက်...))))))"

When a man falls in love...(Complete)Where stories live. Discover now