part 12 zawgyi

722 7 0
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.

အပိုင်း....၁၂

ဂျယ်ဂျူဒိုကိုရောက်တာနာရီပိုင်းပဲရှိသေး
သည်။ရူခင်းအကောင်းဆုံးအဆင်မြင့်ဟော်တယ်မှာတည်းခိုကြသည်။

သူကအလုပ်ကိစ္စနဲ့ဖုန်းပြောနေတုန်း..
Baby အတွင်းခန်းထဲဝင်သွားတာ....
"ဦးအနီ...ကယ်ပါအုံး.. ဦးအနီ..."

ဟင်...ဒါဘာသံလဲ...
သူလိုက်ပြေးဝင်သွားသည်။

ဟော်တယ်ခန်းထဲက‌ရေကူးကန်မှာ...
ခခ ယက်ကန်ယက်ကန်ဖြစ်နေသည်။

ဗွမ်း..ဗွမ်း....
"ဦးအနီ.... ကယ်ပါ.."
ဟာ..ကျစ် သူ‌ရေမကူးတတ်ဘူးလား...

သူဆင်းပြီးပွေ့ချီဆယ်ပေးရသည်။
"ဖူး..ဖူး..အမလေး..သေတော့မှာပဲ..

"မင်း‌ရေမကူးတတ်ဘူးလား.."
"ဟင့်အင်း.."
"ဒါဆို ဘာလို့ဆင်းသွားတာလဲ.."
"ဦးအနီ ရှိနေတာပဲ..ခခ နစ်ရင်လာဆယ်
မယ်မှန်းသိလို့ပေါ့.."

၂ပေခွဲပဲရှိတဲ့ကန်မှာ‌ရေနစ်ရတယ်လို့ ငါ့
နှယ်..
"ဒီလို ကန်လောက်ဆိုကလေးတောင်မနစ်ဘူး.."
"ဦးအနီနော်..."

သူမကိုထိုင်ခိုင်းပြီးသူကနောက်ကရပ်ပြီး
ရေသုတ်ပေးရင်း ..
"မင်း‌ရေမကူးတတ်တာဆိုးတာပဲ...
မင်းရေကူးတတ်အောင်သင်.. လက်ထပ်
ပြီးရင် ကိုယ် မင်းနဲ့သွားချင်တဲ့နေရာရှိတယ်..."

"ဘယ်နေရာမို့လို့လဲ.."
"ရရှား.."
ဟမ်...
"Okhotsk ပင်လယ်..အဲ့မှာ‌ရေအောက်ထဲ
ဆင်းပြီး အကောင်ဖမ်းရတာပျော်ဖို့ကောင်းတယ်.."

ခခ သူ့ကိုလှည့်ကြည့်ပြီး...
"ဦးအနီ..သေနတ်ပါတယ်မို့လား..အခုပဲ
ဖြစ်ဖြစ်ပစ်လိုက်ပါတော့လား..

ဒီအတိုင်း ရိုးရိုးသတ်လည်းသေပါတယ်...
အေးခဲနေတဲ့ပင်လယ်အထိသွားပြီး ခခကို
ငါးစာကျွေးဖို့စဉ်းစားနေတာလား..."

"ဟား ဟား...ကိုယ်ရှိရင်မကြောက်ဘူးဆို..အချစ်ဆိုတာနှစ်ယောက်အတူ
စွန့်စားရတာတဲ့ baby"
"ကိုယ့်ဟာကိုယ်တစ်ယောက်ထဲသွားပါ
လား.. လူယုတ်မာကြီးရဲ့..."

တကယ်ပါ..လူယုတ်မာရယ်သံနဲ့ရယ်နေလိုက်တာများ...
>>>>>>>>
ပင်လယ်ကိုတော့အတူသွားလည်ဖြစ်သည်။
ဒီလူက ခခဘ၀ထဲကိုမုန်တိုင်းလိုရောက်
လာပြီး..ကြောက်ရွံ့နာကျင်ခြင်းတွေကို
လည်းပေးခဲ့သူပါ...
ထပ်ပြီး ချစ်ခြင်းတရားနဲ့ပျော်ရွှင်မှုတွေကို
ယူဆောင်ပေးသူကလည်း ဒီလူပဲဖြစ်နေ
ပြန်သည်။
နောက်လာမည့်နေ့ရက်တွေမှာပျော်ရွှင်
ရမလား၊၀မ်းနည်းရမလား၊သေချာမသိပေ
မယ့်...ဒီလူနဲ့ပဲဖြတ်သန်းသွားချင်ပါတယ်..
သူနဲ့ပဲအိုမင်းပါရစေ... နောက်ဆုံးထွက်သက်အထိ..အတူရှိနေပါရစေ..

When a man falls in love...(Complete)Where stories live. Discover now