Part 4 zawgyi

962 17 0
                                    

မိန်းခ‌လေးတစ်ယောက်ကိုချစ်မိရင်..💖
When a man falls in love

အပိုင်း..၎

Breaking new...
ထိုင်းမင်းသမီးရင်က သူမရဲ့အိမ်ခန်းထဲမှာ
ဓားဒဏ်ရာအချက်ပေါင်းများစွာနဲ့သေဆုံး
.....အမှုမှန်ပေါ်ပေါက်‌ရေးအတွက်ထိုင်းရဲ
တပ်ဖွဲ့မှ..အသေးစိတ်စုံစမ်းလျှက်ရှိပါတယ်...]

တီဗီမှာလာနေတဲ့သတင်းအစီအစဉ်ကြောင့်..သူမနားမျက်စိများပင်မယုံကြည်နိုင်..  လွန်ခဲ့တဲ့၃ရက်ကမှဘန်ကောက်
ကိုပြန်သွားတဲ့မရင်ကအခုသေပြီတဲ့လား..

"အား...မဟုတ်ဘူး..အီး ဟီး.."
ခခ အပေါ်ထပ်မှာအော်ဟစ်သောင်းကျန်း
နေတာကြောင့် သူ့အဖိုးပြေးတတ်လာပြီး

"ဟဲ့ မြေး... ညည်းဘာဖြစ်နေတာတုန်း.."

"ဖိုးဖိုး လာကြည့်ပါအုံး..မရင်လေ..
သူသေပြီတဲ့.. အသတ်ခံရတာတဲ့..အီးဟီး."
"ဟေ.."
သတင်းကဆက်လက်ကြေငြာနေကာ..

[ရဲတပ်ဖွဲ့မှအတည်ပြုပြောကြားချက်အရ
သံသယရှိသူမှာ.. အမည်မသိဂိုဏ်းရာဇာ
တစ်ယောက်ဖြစ်ပြီး.. သူမ၏ချစ်သူဟောင်းလည်းဖြစ်တယ်ဟုသိ၇ပါတယ်..
အသတ်ခံရတဲ့အကြောင်းအရင်းကိုတော့
ဆက်လက်စုံစမ်းလျှက်ရှိပါတယ်]
ဗီလာရဲ့ဓာတ်လှေကားထဲကcctvမှာရိုက်
မိထားတဲ့..bloodရဲ့ပုံပါသတင်းထဲပါလာ
သည်။
ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားတာကြောင့်မျက်နှာမပေါ်ပဲ...ဦးထုတ်ကိုကိုင်
လိုက်တဲ့သူ့ရဲ့လက်ဖျံမှတတ်တူးကိုပဲထင်
ထင်ရှားရှားမြင်နေရသည်။

"မဖြစ်နိုင်တာ..အမရင်ကဒီလိုလူဆိုးနဲ့
ကြိုက်စရာလား...ဖိုးဖိုးရဲ့..."

သံသယရှိသူကိုကြည့်ကာ ဘိုးစံသာမှာ
ပိုမို၍ထိတ်လန့်သွားကာ..

"မဖြစ်နိုင်ဘူး..."

"ဖိုးဖိုး လည်းအဲ့လိုပဲထင်တယ်မှတ်လား..
မရင်လိုချောချောလှလှလေးက ဒီလိုလူဆိုးကြီးကိုကြိုက်စရာအကြောင်း
မရှိဘူးလေ....
ခခ ကိုတောင်ချစ်သူမရှိဘူးလို့ပြောခဲ့တာ...ဖိုးဖိုးရဲ့...
အဲ့လူသတ်သမားကြီးက မရင်ချစ်သူမဟုတ်ဘူး...
သနားစရာ ငါ့မင်းသမီးလေး..အဟင့် အဟင့်...
ငါ့မရင်ကိုသတ်တဲ့လူယုတ်မာကြီး
ဒင်းကိုလည်းရဲတွေအမြန်မိပြီး..သေဒဏ်ပေးခံရပါစေ..."

When a man falls in love...(Complete)Where stories live. Discover now