Part 6 zawgyi

894 17 0
                                    

မိန်းခလေးတစ်ယောက်ကိုချစ်မိရင်...6
When a man falls in love...

အပိုင်း...၆

ဆရာဝန်စကားကိုအလွန်တရာမှနားထောင်ကာ အိပ်ယာနိုးတာနဲ့‌ရေထချိုးပြီး
အပြင်ထွက်သွားလေရဲ့...

သူသွားတာက လက်ဝှေ့ပွဲကိုပါ..
ဒီနေ့ချိန်းထားတာရှိတယ်လေ...
ရာမ..bloodနဲ့ Zenkiaအပြင်တခြားသော ဂိုဏ်းအသီးသီးကဂိုဏ်းသားတွေအပြင်၊
ပွဲကြည့်မယ့်သူအချို့လည်း‌ရောက်ရှိနေကြသည်။

"Blood မင်းမလာတော့ဘူးလို့တောင်ထင်နေတာ..."
"ဒီလိုပွဲကြီးပွဲကောင်းကိုလက်လွှတ်ခံလို့
ဘယ်ဖြစ်မလဲ.."
"မင်း ထိုင်းမှာဒဏ်ရာရလာတာ၊ လူတိုင်း
သိတယ်... လူစားလဲမယ်ဆိုရင်..."

"မလိုဘူး... "
"သခင်လေး..ဒီတစ်ခေါက်တော့လက်လျှော့လိုက်ပါ...
ကျွန်တော်ကိုယ်စားဝင်ပါ့မယ်.."

"ငါကိုယ်တိုင် စိန်ခေါ်ခဲ့တာ.."
"ဒါပေမယ့်...အခုအခြေအနေကမတူပါဘူး.."

"ငါ့ဘ၀မှာလက်လျှော့တယ်ဆိုတာ..
မင်းမြင်ဘူးလား.."

ပြောလို့လည်းမရပါ... သူထိုင်းမသွားခင်
ကတည်းကစိန်ခေါ်ထားတဲ့ပွဲဖြစ်သည်။
ဒါကတရားမ၀င်ပွဲပါ..ပြိုင်ဘက်ကတော့
လက်ဝှေ့ကျော်ဖြစ်ပြီး..bloodကစင်ပေါ်
မှာထိုးသတ်လေ့မရှိဘူး..

ပွဲမဖြစ်ရင်သူ့ဘက်ကပြန်ပေးရမယ့်ငွေ
ကများတယ်..ပြီးတော့မာနလည်းထိခိုက်
အုံးမှာ...
Blood..အနီသွေးဆိုတာဘယ်လိုအခြေ
အနေမျိုးမှာဖြစ်ဖြစ်လူသတ်နိုင်တယ်ဆို
တာလည်း အားလုံးကိုသိစေချင်တယ်..

တရားဝင်စည်းမျဉ်းတွေမရှိတာကြောင့်
ပွဲပုံစံကလည်းထူးခြားသည်။
သူကစွပ်ကျယ်အကျီအနက်ကိုဝတ်ဆင်
ထားသည်၊

ပထမပွဲမှာ သူတော်တော်ထိသွားသည်။
"သခင်လေး မဖြစ်တော့ပါဘူး.."

"နေစမ်း.. ဒီကောင့်အားနည်းချက်ကဘာ
လဲငါသိသွားပြီ.."တဲ့

ဒုတိယအချီိထိုးသတ်တော့..ပွဲစချိန်မိနစ်
ပိုင်းမှာတင်..ပြိုင်ဘက် အားခနဲအော်ပြီး
မှောက်သွားသည်။
၁ ၂ ၃ ၄ ၅ ၆ ၇
ပြန်ထမလာတော့ပါ...
ထုံးစံအတိုင်း သူရဲ့Death kingဆိုတဲ့ဘွဲ့
ကိုပြန်လည်သိမ်းပိုက်ထားနိုင်ခဲ့သည်။

When a man falls in love...(Complete)Where stories live. Discover now