part 16 uni

3.7K 150 5
                                    

မိန်းခလေးတစ်ယောက်ကိုချစ်မိရင်...
When a man falls in love

အပိုင်း...၁၆

"ဟေ့ကောင်ငပိန်မမလေးထွက်ပြေးသွား
ပြီ အမြန်ရှာစမ်း.."

ခခကဆေးရုံထဲမှာပုန်းလျှိုးကွယ်ရှိုးထွက်
ပြေးရတာကြောင့်အချိန်ကြာနေကာ...
Blood ေရာက်လာတာနဲ့အ၀င်အထွက်လေးပဲလွဲသွားတာဖြစ်သည်။

"ဘာ ခခ ပျောက်သွားတယ်ဟုတ်လား..
မင်းတို့ကောင်တွေမိန်းကလေးတစ်ယောက်ကိုတောင် သေချာစောင့်မကြည့်
နိုင်ဘူး.. တောက်)))))"

"တောင်းပန်ပါတယ် သခင်လေး..
မမလေးကဒီလိုထွက်ပြေးမယ်မထင်လို့..
ကျွန်တော်သေသင့်ပါတယ်.."

"သူ့ကိုရှာမတွေ့ရင်တော့ မင်းသေရမှာ..
လိုက်ရှာ.. ဝေးဝေးမ‌ေရာက်နိုင်သေးဘူး.
သွား...."

ခခ ထွက်လာတော့အပြင်မှာမိုးတွေရွာနေ
သည်။ ဆေးရုံအ၀တ်အစားနဲ့သူမ..
Taxi လည်းတစ်စီးမှတားလို့မရပါ..

ဆေးရုံနဲ့ဝေးဝေးကိုမြန်မြန်ခြေကုန်သုတ်ပြေးရင်း..လမ်းတစ်ခုသို့ချိုးကွေ့၀င်လိုက်စဉ်...

ကျွှီ...
"ဟဲ့ လူကိုတိုက်မိသွားတာလား.."

"မဟုတ်ပါဘူး..လူကြီးမင်းကတော်..
သူတမင်ကားရှေ့ပြေး၀င်လာတာ..
ပိုက်ဆံလိုချင်လို့ သက်သက်ခွင်ဆင်တာ
ဖြစ်မယ်.."

"မတော်တဆတိုက်မိတာဆို ဘယ်လိုလုပ်မလဲ  ဆင်းကြည့်စမ်းပါ.."
....
ဒရိုင်ဘာပြေးဆင်းလာပြီးသူမကိုနှိုးသည်၊

"ဒီမှာမိန်းကလေး ..ဟေ့ ငါ့ကားနဲ့လည်း
မတိုက်မိပဲနဲ့ထစမ်းပါ. ..ဟေ့."

"ဟဲ့ မောင်ချို လူဘယ်လိုနေလဲ.. "
"သူမ သတိလစ်နေတယ်.."
"ခေါ်လာခဲ့..."
"ခင်ဗျာ.."
"ကျွန်တော်တို့ကားနဲ့ မတိုက်မိပါဘူး."

"ဒီလိုဆိုပြီး မိုး‌ေရထဲလည်းပစ်ထားခဲ့လို့
မဖြစ်ဘူးလေ.. "

သတိလစ်နေတဲ့ ခခကိုကားပေါ်တင်ခေါ်
သွားသည်။
"ဟဲ့ အမြန်လာကြ.. ဒီမှာသတိလစ်နေတဲ့
ကလေးတစ်ယောက်ပါလာတယ်..လာခေါ်ပြီး အ၀တ်လဲပေး..ဆရာ၀န်လာလိမ့်မယ်.."

အိမ်ထဲကနေ အစေခံမလေးတွေပြေးထွက်လာပြီး ခခကိုကားပေါ်ကသယ်
ထုတ်သည်။
"မိန်းကလေး... မိန်းကလေး."
လူကြီးမင်းကတော်က သူမကိုခေါ်ကြည့်
ရင်း  ငဲ့ကြနေတဲ့မျက်နှာလေးကိုဆွဲလှည့်
ကြည့်လိုက်သောအခါ...

When a man falls in love...(Complete)Where stories live. Discover now