Part 21 uni

4.3K 177 2
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.

အပိုင်း....၂၁

အခင်းဖြစ်ပြီးသုံးရက်မြောက်သောနေ့..
နှစ်ဖက်ဂိုဏ်းသားတွေလည်းအတုံးအရုံး
သေကာ..ကျန်တဲ့လူတစ်ချို့လည်းအဖမ်းခံရသည်။

ရေထဲနစ်မြုပ်သွားတဲ့အလောင်းတွေကို
ပြန်လည်ဆယ်ယူနေကြပြီး..အခုထိ
ဦးအနီရဲ့အလောင်းကိုတော့ရှာမတွေ့သေး
ပါ...
အသက်ရှင်နေသေးတာ....မဖြစ်နိုင်ဘူး...
ဦးအနီက
ပင်လယ်ကြီးကိုကြိုက်တယ်ဆို...အခုတော့ရေအောက်ကမ္ဘာထဲကိုအပြီးတိုင်နစ်မြုပ်သွားပြီလား...
ဒါမှမဟုတ်အလောင်းပဲပျက်စီးသွားသလား...

"အဟင့်..ဟင့်...ဦးအနီပြန်လာမယ်ဆို...
ဘာလို့ကတိမတည်တာလဲ.."

အခြေအနေတွေတည်ငြိမ်သွားပြီး၊ဂိုဏ်း
တွေလည်းအဖမ်းခံရကာ..
လူကြီးမင်းလည်းပြန်လွတ်လာပြီမို့..
ခခ ကဘေးကင်းကင်းနဲ့အိမ်ပြန်နိုင်ပြီဖြစ်
သည်။

ဒါပေမယ့်..အခုသူမကတော့ဆိပ်ကမ်းပေါ်မှာ အရူးလိုပြေးလွှားနေဆဲပါပဲ...
အလောင်းတစ်လောင်းတွေ့တိုင်း ပြေးကြည့်.. ဦးအနီမဟုတ်မှ အသက်ရူ
နိုင်ခဲ့သည်။
သူမနောက်က ဘော်ဒီဂတ်တွေကလိုက်လံစောင့်ရှောက်နေသည်။

"မမလေး အခုအိမ်ပြန်ရအောင်.."
"ဟင့်အင်း..
ငါ ဦးအနီကိုစောင့်ရအုံးမယ်..သူငါ့ဆီပြန်
လာမယ်လို့ ကတ်ိပေးထားတာ..."

၃ရက်၊၄ရက်၊၅ရက်...ထိုနည်းတူပင်...
ရှင်းလင်း‌ေရးတွေတောင်ပြီးသွားပြီ..ဘာ
လို့ ဦးအနီိကိုရှာမတွေ့တာလဲ...

၇ရက်မြောက်သောနေ့မှာ..ဆိပ်ကမ်းထဲသို့တရမန်းကြမ်း ကားတစ်စီးမောင်း
နှင်လာသည်။

ကားပေါ်ကပြေးဆင်းလာသူက.စိန်စီလင်း
မင်္ဂလာဆောင်မှာ၀တ်ခဲ့တဲ့ ဂါ၀န်နဲ့ပင်...
လက်ထဲမှာလည်းသေနတ်တစ်လက်ကိုင်
ပြီး သူမဆီကိုပြေးလာသည်။

ခခ ရဲ့ဘော်ဒီဂတ်တွေပြူးပြာကုန်သည်..

"တစ်ယောက်မှ အနားမကပ်နဲ့ ပစ်သတ်
လိုက်မှာ..နောက်ဆုတ်စမ်း.."

အခုချိန်မှာ သူမလည်းအရူးလိုပါပဲ...

"မကောင်းတဲ့မိန်းမ နင့်ကြောင့်သွေးအခု
လိုဖြစ်ရတာ.. နင်သေလိုက်စမ်း..."

When a man falls in love...(Complete)जहाँ कहानियाँ रहती हैं। अभी खोजें