Part 14 uni

3.6K 155 1
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.

အပိုင်း....၁၄

သခင်ကြီးကသူလုပ်နေကြအတိုင်း မာယာဆိုတဲ့မိန်းမကိုခေါ်ပြီး ခရီးထွက်သွားသည်။
ဦးအနီကအလုပ်အ‌ေရးကြီးမှအပြင်ထွက်
ပြီး.. ကျန်တာတွေတပည့်တွေနဲ့လွှဲကာ..
အခုမှအိမ်မြဲနေသည်။

ကြည့်အခုလည်း..ခခက သူ့အတွက်ထိုင်း
စတ်ိုင်ပင်လယ်စာဟင်းချက်နေတာကို..
အနောက်ကနေခါးဖက်ထားပြီးရှုပ်နေသည်။

"ဦးအနီ.. ဖယ်ပါ..သိပ်ရှုပ်တာပဲ.."

"ဘာ ကိုယ်ကရှုပ်တယ်ဟုတ်လား..
.. မင်းတကယ်အပြောင်းအလဲမြန်
တာပဲ..ဦးအနီ ဖက်ထားပေးပါလို့ပြောတာ
ဘယ်တုန်းကလဲ.. "

"အဲ့တာ အချိန်နဲ့အခါနဲ့ကြည့်ပြီးဖက်ပေါ့..
အခုလည်းဦးအနီ စားဖို့ဟင်းချက်နေတာ
ပဲလေ.. ဦးအနီကြောင့် ဒီမှာကောင်းကောင်းမချက်ရတော့..စားမကောင်းပဲ
နေမှာပေါ့.."

"ဟမ်း... ဘယ်လိုပဲပြောပြောမင်းကိုယ့်
ကိုရှုပ်တယ်လို့ပြောလိုက်တာပဲ..
စိတ်ဆိုးတယ် သွားတော့မယ်.. "

ဟောတော့....သူတကယ်ထွက်ဖို့လှမ်း
လျှင်အကျီစကိုဆွဲထားကာ..
"ဦးအနီဒါဘယ်လဲ..မရဘူးနော်..
ဒီမှာကျက်ကာနီးပြီ....စားပြီးမှအပြင်ထွက်.."
"ထမင်းတစ်နပ်မစားလို့ငတ်သေတဲ့မသာ
မရှိသေးဘူး...
အခု ကိုယ်မင်းကိုစ်ိတ်ဆိုးနေတယ်စကား
လာမပြောနဲ့.."

"ဦးအနီ အသက်ကဘယ်လောက်မို့လဲ
ကလေးကြနေတာပဲ.."

"တွေ့လားအသက်ကိုထိခိုက်ပြီးပြောပြန်
ပြီ... သေချာတယ်မင်းကိုယ့်ကိုယ်စိတ်ကုန်နေပါပြီ.."

"ဦးအနီနော်.. အဲ့လိုမပြောနဲ့သိလား...
ဦးအနီအတွက် ခခကအချစ်ဦးမဟုတ်ပေ
မယ့်.. ခခ အတွက်တော့ဦးအနီက အချစ်
ဦး၊အသဲဦး ၊ရင်ခုန်သံအရာအားလုံး
ဦးဦးဖျားဖျားပေးခဲ့တာ
ခခ အချစ်ကိုဒီလိုမစော်ကားပါနဲ့.."

ခခ သူ့ကိုပြန်ပြောရင်း မျက်ရည်တွေတောင်ဝေ့ဝဲလာသည်။
"အရူးမလေး ကိုယ်ကစတာကို..."
ဟွန့်...
သူမကို ပြန်ဖက်ထားရင်း ..ပုခုံးပေါ်မေးတင်တာ...
"Baby အချစ်ဆိုတာ ချစ်ရတာတော့လွယ်ပြီးထိန်းသိမ်းဖို့ကြခက်တာ
မင်းသိလား...
ကိုယ် ဘယ်သူနဲ့ချစ်ခဲ့တယ်ဆိုတာ
အ‌ေရးကြီးလို့လား..
အခု ကိုယ်တ်ို့ချစ်နေပြီး.. ဘယ်အချိန်ထိ
ဒီလိုချစ်သွားနိုင်မှာလဲဆိုတာအဓိကပါပဲ.."

When a man falls in love...(Complete)Waar verhalen tot leven komen. Ontdek het nu