Part 9 uni

4.6K 194 8
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love..

အပိုင်း...၉

ခခ နောက်နေ့တွေမှာလည်းထမင်းသွား
ပို့ရင်း.. အဲ့ရဲနဲ့စကားပြောဖြစ်သည်။

"ငါ့နာမည်က သူရိယ..မင်းကကော.."
"ခခ ပါ..."
"ထိုင်းလူမျိုးလား."
"ထိုင်းမှာအကြာကြီးနေခဲ့ပေမယ့်...ထိုင်း
လူမျိုးတော့မဟုတ်ပါဘူး.."
"မင်းဘာလို့ ဒီ‌ေရာက်နေတာလဲ..
ဖြေရခက်ရင်မဖြေပါနဲ့.. ထွက်တေ့ာမပြေးနဲ့.."

"ခခရဲ့နေရာကိုရှာချင်လို့ပါ.."
"မိသားစု ကိုပြောတာလား..."
"အင်း.."
"ရှာတွေ့ပြီလား."
"ဟင့်အင်း.."
"အနီသွေးက ရှာခွင့်မပေးဘူးလား.."
....
"ခခမှာ မိသားစုနဲ့ပတ်သတ်ပြီးဘာတစ်ခု
မှသိတာလဲမရှိပဲ.. ဘယ်ကနေရှာရမှန်း
လည်းမသိပါဘူး..."

"ဒါမျိုး ရှာပေးတဲ့နေရာရှိတယ်.. "
"တကယ်လား.."
"ငါလည်း ရှာဘူးတယ်လေ.."
"ရှာတွေ့လားဟင်.."

"နောင်တရတယ်.."
ဟင်...
"မရှာခဲ့ရင် ကောင်းသားဆိုပြီး..."
"မိသားစုက လူကောင်းမဟုတ်လို့လား.."

"အဲ့လိုလဲပြောနိုင်ပါတယ်..
သြော် ငါမင်းကိုသက်သက်စိတ်ပျက်အောင်ပြောမိပြီ.."

"ရပါတယ်.. ခခလည်းအများကြီးမမျှော်
လင့်ပါဘူး.. စွန့်ပစ်ခဲ့တာဆိုတော့သူတို့
မှာလည်းခခကိုမမွေးနိုင်တော့တဲ့အကြောင်းအရင်းတွေရှိလို့နေမှာပါ..."

"ငါပြောရဲတယ်..မင်းလိုမိန်းကလေးမျိုးရဲ့မိဘတွေက မကောင်းတဲ့လူမဖြစ်နိုင်ပါဘူး
...အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားတာနေမှာပါ.."

"နှစ်သိမ့်ပေးတာကျေးဇူးတင်ပါတယ်.."

"ဒါပဲ တတ်နိုင်တယ်လေ..ငါကဒီထဲမှာဆိုတော့မင်းကိုကူရှာပေးလို့လည်းမရဘူး..

သြော်.. လွတ်အောင်ကူညီခိုင်းနေတာမ
ဟုတ်ဘူးနော်.."

"ခခ ကူညီနိုင်တာမရှိလို့..စ်ိတ်မကောင်း
ပါဘူး..."
"ရပါတယ်.. ဒီလိုနေ့တိုင်းစကားပြောခွင့်
ရယုံနဲ့တင်ကျေးဇူးတင်နေမှာ..."

ဟူးးး.. ...
==========================
အိမ်ရဲ့ စားဖိုဆောင်တွင်. ...
အစေခံမတစ်ယောက်ကစတင်ပြီး...

When a man falls in love...(Complete)Where stories live. Discover now