Part 2 zawgyi

1.5K 19 0
                                    

မိန်းကလေးတစ်ယောက်ကိုချစ်မိရင်..♥
When a man falls in love..
အပိုင်း.2

အနီသွေးကညဘက်ကြလျှင်bloodဂိုဏ်းကပိုင်ဆိုင်သောကလပ်များအားလိုက်လံကြီးကြပ်ရတာကြောင့်မနက်ခင်းဆိုအရေးအကြီးအလုပ်မရှိလျှင်ဘယ်တော့မှစော
စောမထပါ။

အခုလည်းသူနေမြင့်မှနိုးလာပြီးမနက်စာကိုသူ့အခန်းထဲပို့ခိုင်းကာ..ကော်ဖီသောက်ရင်းသတင်းဖွင့်ကြည့်နေသည်။

[ Breaking new,,
ယမန်နေ့ကShoppingမှာ မသမာသူတစ်စုကပေါက်ကွဲစေနိုင်သောလက်လုပ်ဗုံးများ ထောင်ပြီးလူအများရဲ့အသက်အန္တရာယ်ကိုခြိမ်းခြောက်ခံခဲ့ရပါတယ်။
ကံကောင်းထောက်မစွာ သတင်းရရှိခဲ့ပြီး
နာရီပိုင်းအတွင်း အဆိုပါပေါက်ကွဲစေနိုင်တဲ့ပစွည်းများကိုရှင်းလင်းခဲ့ပါတယ်။

အလားတူဖြစ်ရပ်မျိုးနောက်ထပ်အဖြစ်ခံမည်မဟုတ်ဟု မြို့တော်ဝန်မှပြောကြား။
ပြည်သူတွေကိုခြိမ်းခြောက်နေတဲ့အဖွဲ့အစည်းမှန်သမျှ အမြစ်ပြတ်ချေမှုန်းမည်ဟုကြွေးကြော်။
တကယ့်ကို သက်ရှိနတ်ဘုရားပဲမဟုတ်ပါလား..].

အဟက် ဟက်...
Bloodတီဗီကိုပိတ်ပြီး ဟက်ဟက်ပက်ပက်ရယ်မောနေသည်။
''ဒိုင်းရိပ်..''
''အမိန့်ရှိပါ သခင်''
''ကားအသင့်ပြင်ထား''
''ဟုတ်''
''ဒီလိုသာယာတဲ့နေ့မျိုးမှာ နတ်ဘုရားဆီအလည်သွားဖို့ကို မင်းမမေ့သင့်ဘူး''
''အသင့်ပါပဲ သခင်''
_______________________________
သူ့ရဲ့အနက်‌ရောင်ပြိုင်ကားလေး..ခြံကြီး
တစ်ခုရှေ့ထိုးရပ်လိုက်တာနဲ့.. ခြံထဲမှအစောင့်အများအပြားထွက်လာကာ..

"ဘယ်သူလဲ ဘယ်သူနဲ့တွေ့ချင်လို့လဲ"

ကားမှန်ကိုချလိုက်ကာ..
"ဒါက လူကြီးမင်းရဲ့အိမ်မှတ်လား...
သူ့အိမ်လာမှတော့ သူ့ဧည့်သည်ပေါ့.."

"လူကြီးမင်းနဲ့တွေ့ချင်ရင်ကြိုချိန်းပြီးမှလာပါ..
အခု လူကြီးမင်းကအိမ်မှာမရှိပါဘူး.."

ကျစ်..
Bloodကမျက်မှန်အနက်‌ရောင်တပ်ဆင်
လိုက်ပြီး.. ကားပေါ်ကဆင်းကာ..

"ဒီမှာ.. မင်းတို့လူကြီးမင်းကိုသတင်းပို့လိုက်
အနီသွေးက စောင့်နေတယ်လို့.."

Bloodက ဖိတ်ခေါ်မယ့်သူမရှိပဲ..
သူ‌ရောက်နေတဲ့အိမ်ကြီးရဲ့ ဧည့်ခန်းထဲကို
လှည့်ပတ်ကြည့်ရှုနေသည်။

When a man falls in love...(Complete)Where stories live. Discover now