part 10 zawgyi

799 14 0
                                    

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်.
When a man falls in love.

အပိုင်း....၁၀

သခင်ကြီးအိမ်ပြန်‌ရောက်နေတယ်ဆိုလို့
ခခ ဟိုဘက်အိမ်မကူးပဲ..ဦးအနီအိမ်ထဲမှာ
ပဲ လုပ်စရာရှိတာရှာလုပ်သည်။

ဦးအနီရဲ့အဖေက ခခကိုလိုလိုလားလား
မရှိမှန်းသိနေတော့..သူ့မျက်စိရှေ့ရောက်
မသွားချင်ပါ..
ဦးအနီက ခရီးသွားနေလို့အိမ်မှာမရှိ...

သူတို့သားအဖကဒီလိုပဲလျှောက်သွားနေ
တတ်ကြပြီး၊နှစ်ယောက်စုံတာနဲပါသည်။

ဒေါက်...ဒေါက်...
"ဘယ်သူလဲ...၀င်လာလေ. "
"ခခ အယ် မမလေး သခင်ကြီးကလာခဲ့ဖို့?
ခေါ်နေပါတယ်..
ဒါဝတ်လာခဲ့ပါတဲ့...."
"ခခ ကိုလားဘာလုပ်ဖို့လဲ ဟင်.."
"ဘယ်သိပါ့မလဲ .."

ဘူးတစ်ဘူးချပေးခဲ့သည်။
"သြော် မှာလိုက်သေးတယ်.. ၁၅မိနစ်အတွင်းအ‌ရောက်လာရမယ်တဲ့.."

မိစ္ဆာမလိုနာမည်ပြောင်ပေးထားသော
အိမ်စေမက ကော့ကော့နဲ့ပြန်ထွက်
သွားလေ၏။
"ငါ့ကိုဦးအနီအဖေက ဘာလုပ်ဖို့ခေါ်တာ
များလဲ... ပြီးတော့၁၅မိနစ်ကကောဘာလဲ
လူက ခေါ်ဆွဲပြုတ်လား...
ဟွန်း.. ဦးအနီလည်းအဲ့အကျင့်တွေအမွေ
ရထားတာဖြစ်မယ်.."

သူမဘူးကိုဖွင့်ကြည့်ပြီးနောက်..
"ဟာ ဒါကဘာကြီးလဲ.."

ကိုယ်ကျပ်အသားပျော့ အနီရောင်ပေါင်
လောက်ပဲရှိတဲ့ဂါဝန်လေး...
"ငါ့ကို ဒါဝတ်ခိုင်းတာလား.. ဘုရားရေ.."
......
သူမမ၀တ်ရဲဘူး..ဒါပေမယ့်လည်းဦးအနီ
တောင်သူ့အဖေကိုမလွန်ဆန်နိုင်မှန်းသိ
နေတော့...

"သခင်ကြီး ကျွန်မ‌ရောက်ပါပြီ.."
"အင်း.... မိန်းကလေးဒီနေ့မင်းငါ့အတွက်
အလုပ်လုပ်ပေးရမယ်..
ငါ့အပေါင်းအသင်းတွေကို မင်းဧည့်ခံပေး
လိုက်"
"သခင်ကြီး ခခက.."

သူမ ငြင်းဆန်စကားပြောချင်ပေမယ့်..
သခင်ကြီးရဲ့လက်က စားပွဲပေါ်ကပစ္စတို
ဆီ‌ရွေ့သွားတာကြောင့် သူမအသံတိတ်ကြသွားသည်။
သခင်ကြီးက သူ့အပေါင်းအသင်းတွေကို
ခေါ်ထားပြီး..အစားအသောက်တွေနဲ့
တည်ခင်းဧည့်ခံသည်။

ခခက အဲ့အနားမှာရပ်နေရသည်။
"ဦးဝေ...ဒါကဒီတစ်ခေါက်ခင်ဗျားရဲ့နတ်မိ
မယ်လေးလား.."
"ခင်ဗျားကိုတော့အားကျတယ်ဗျာ..."

When a man falls in love...(Complete)Where stories live. Discover now