part 7 uni

4.9K 206 7
                                    

မိန်းခလေးတစ်ယောက်ကိုချစ်မိရင်..
When a man falls in love...

အပိုင်း....၇

ဂျက်ကီဆိုတဲ့ခွေးက..bull godအမျိုးအစားဖြစ်သည်။
အရပ်အားဖြင့်ပုသော်လည်းအသန်မာဆုံး
သောခွေးအမျိုးအစားဖြစ်သည်။
သူ့ကို bloodကကျန်းမာ‌ေရးစင်တာကိုပို့
ထားတာဖြစ်ပြီး.. အိမ်မှာခခပျင်းနေမှာစိုး
လို့အခုမှသွားပြန်ခေါ်ခိုင်းထားတာဖြစ်သည်။

[ဟိုင်းဂျက်ကီ...နင်ကချစ်ဖို့ကောင်းသားပဲ]
ချစ်ဖို့ကောင်းတယ်တဲ့..ဂျက်ကီကိုဆိုခြံထဲ
မှာလွတ်ထားတဲ့အင်းခွေးအနက်တွေတောင်ကြောက်ရတာ...
[ခခက ခွေးချစ်ပေမယ့် ဖိုးဖိုးကမမွေးခိုင်းလို့လေ...
ဂျက်ကီကိုရှင်၀ယ်ထားတာလားဟင်...
ဘယ်လောက်ပေးရလဲ ..]

[7000]
[ဘတ်ငွေ၇ထောင်လား..]
[$ကန်ငွေ..]
[ဝိုး.. ဂျက်ကီ နင်ကစျေးကြီးလှချည်လား.]

[ဟုတ်တယ်..လောလောဆယ်တော့မင်း
ထက်စျေးကြီးတာမို့..သူ့ကိုမထိခိုက်စေနဲ့..]
ဟင်းနော်...ခင်ဗျားကြီးလူကို...

အစေခံတစ်ယောက်သူ့ဆီလာပြီး...
"သခင်လေး..ခေါ်ထားတဲ့နည်းပြ‌ေရာက်နေပါပြီ.."
"လွှတ်လိုက်.."

[မင်း Mစကားသင်မယ်လို့ပြောထားတာ..
နည်းပြလုပ်မယ့်လူ‌ေရာက်ပြီ..
ဒီနေ့ကစသင်..]
[ဟင် အခုကြီးလား.]
[ဟုတ်တယ်.. ၁လအတွင်းအတတ်သင်]

[၁လ ဟုတ်လား..၁လနဲ့ဘယ်လိုလုပ်
အားလုံးသင်နိုင်မှာလဲ..]

[မင်းကျောင်းတတ်ဘူးတယ်ဆ်ို..
ခေါင်းကဘာလုပ်ဖို့လဲ..ကျောက်တုံး
လား.]
ဂျက်ကီ...
ကိုသူခေါ်ပြီးထိုင်းလိုတစ်ခုပြောလိုက်သည်။
ဂျက်ကီခုံပေါ်ပြေးတတ်သွားသည်။
နောက်ထပ်ဘာသာတစ်မျိုးပြောင်းပြော
လိုက်တော့...
ခုံပေါ်ကပြေးဆင်းကာသတင်းစာချီပြီးသူ့
ဆီယူလာသည်။
[သူတောင်လေးငါးမျိုးနားလည်တယ်..
မင်းကတစ်မျိုးထဲကိုတစ်လနဲ့မသင်နိုင်ဘူးလား..]
ခွေးနဲ့နှိုင်းတော့
ခံရခက်လိုက်တာ..ဟူး..
.....
သူခေါ်ထားတဲ့နည်းပြဆိုသူ၀င်လာသည်။
"ထပ်တွေ့ပြန်ပြီ blood.."
"အင်း မင်းသင်ပေးရမှာသူပဲ.. နဲနဲတော့
ဝေးတယ်.. စကားလည်းများတယ်.."

"ငါ ဒါကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်..."
"0k မင်းလက်အပ်လိုက်ပြီ.."
[လိုက်ခဲ့ပါ.. မိန်းခလေး..]
နည်းပြကိုကြည့်ပြီး..bloodအနားကပ်ကာ..
[ယောက်ျား..သူကboyလား girlလားဟင်..]
[သူကြားရင်တော့ မင်းရဲ့ training  ကာလကမတွေးရဲစရာပဲ..]
[အဲ့လို ခြိမ်းခြောက်မနေပဲ သေချာပြောပြပါ...]
[Tom boy သူ့နာမည်ကဒယ်မွန်...
မင်းရဲ့ပထမဆုံးအတန်းချိန်ကိုနောက်မကျ
စေနဲ့လေ.. သွား..]
[ဟုတ်..]

When a man falls in love...(Complete)Where stories live. Discover now