chapter~>3

1.2K 197 2
                                    


unicode

ကုပိုင်သည် နျဲ့ချင်းချန်၏စကားများကို မကြားလိုက်ပေ။ အခု သူ့ခေါင်းက ရှုပ်ထွေးနေပြီး သူ့တစ်ကိုယ်လုံး သေလောက်အောင် ပူနေသည်။ အသိစိတ်က ဝေဝါးနေဆဲ ဖြစ်၏။

သူ့အရှေ့ကလူ ပြောသမျှကို သူ လုံးဝမကြားနိုင်ပေ။ သူ့နားထဲတွင် တဝီဝီမြည်သံကိုသာ ခံစားမိနေသည်။ သူ့မျက်လုံးများကို ကြိုးစားဖွင့်ကြည့်လိုက်ရာ သူ့ရှေ့တွင် အရပ်ရှည်ပြီး တောင့်တင်းကြံ့ခိုင်သော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

သူ့တစ်ကိုယ်လုံး အရမ်းမသက်မသာ ခံစားနေရသည်။ မူးဝေနေသော အမူအရာဖြင့် မော့ကြည့်လိုက်သောအခါ ရောက်လာတဲ့လူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက မူလပိုင်ရှင်၏ အစ်ကိုကြီးဖြစ်သည်။ သူ့စိတ်ထဲမှာ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရသောအခါ မတတ်နိုင်ဘဲ နှာခေါင်းတရှုံ့ရှုံ့နှင့် သူ့ပေါင်ကို ဖက်ကာ အကူအညီတောင်းခံလိုက်သည်။

" အစ်ကိုကြီး၊ ကျွန်တော့်ကို အိမ်ခေါ်သွားပါ။ တအားနေရခက်တာပဲ.... "

လုရုံချင်၏မိဘများ၏ရုပ်ရည်နှင့်မျိုးရိုးမှာ သာမာန်မျှသာ ဖြစ်သော်လည်း သူသည် သူ့မိဘနှစ်ပါးစလုံး၏ ကောင်းမြတ်ခြင်းကို ဆက်ခံထားသည်။ ပန်းရောင်သန်းနေသော နှုတ်ခမ်းပါးလေးနှင့် ဖွေးဥနေသော ကျောက်စိမ်းရောင် အသားအရေသည် အလွန်လှပပြီး ​ကျော့ရှင်းနေသည်။

သူသည် ကြောင်တောင်ကြားတား ဝတ်ဆင်ထားပြီး ဆံပင်ကို အရောင်စုံဆိုးထားသော်လည်း သူ၏ထူးကဲလှပသော အသွင်အပြင်ကို မဖုံးကွယ်ထားနိုင်ပေ။ ထို့အပြင် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ် ပြောင်းလဲသွားရာ အရှိန်အဝါလည်း ပြောင်းလဲသွားသဖြင့် သူ၏လှပတင်တယ်သော အသွင်အပြင်လေးက ပို၍ထင်ရှားလာခဲ့သည်။

နျဲချင်းချန်၏အရှေ့ရှိ လူငယ်လေးသည် ဒီနေ့မှ အနည်းငယ် ထူးခြားနေပုံပေါ်သည်။

ထူးဆန်းပြီး သုန်မှုန်နေတတ်တဲဲ့ ချာတိတ်လေးမှာ ဤမျှနူးညံ့ပြီး ထိခိုက်လွယ်သည့် တစ်ဖက်ခြမ်းရှိသေးမှန်း သူ မသိခဲ့ပေ...။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now