chapter~> 25

907 172 4
                                    


" ကောင်းတယ်၊ သိပ်ကောင်းတယ်! မိုဟိုက်ကော၊ မင်းက အံ့ဩစရာပဲ။ တကယ့်ကို ကိုယ်တော့်ရဲ့တပည့်ကောင်းပဲ! "

လက်အောက်ငယ်သား၏ အစီရင်ခံစာကို ရရှိပြီးနောက် ချင်ရှီထျန်၏ အမူအရာမှာ ခက်ထန်သွားပြီး သူ့မျက်လုံးများက ဒေါသမီးတောက်များ တောက်လောင်နေသည်။

သူက မိုဟိုက်ကောကို အရူးအမူးစွဲလမ်းနေတာမျိုး မရှိတော့ပေမယ့် သူက သူ 10 နှစ်ကျော် ပြုစုပျိုးထောင်ခဲ့တဲ့ တပည့်တစ်ယောက် ဖြစ်နေဆဲပင်။ တခြားလူတစ်ယောက်အတွက် သူက သူ့ကို တကယ်ကြီး သစ္စာဖောက်ခဲ့သည်။

ခရမ်းရောင်နှလုံးသွေးကြာကို တောင်းတဲ့အချိန်တုန်းက သူ့ကိုယ်သူတောင် ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့သေးသည်။ ဒါက သူ့ဒေါသကို ပို၍ထိန်းချုပ်မရအောင် ဖြစ်စေသည်။

မိုဟိုက်ကောကို သူ မချစ်တော့ဘူး‌ဆိုတာ ပြော‌နေစရာ‌တောင်မလိုဘူး။ တကယ်လို့ သူ သူ့ကို ချစ်နေသေးရင်တောင် တခြားလူနဲ့ ထိတွေ့ပြီးသားသူကို ထိတွေ့ဖို့ဆိုတာ သူ့အတွက် လုံးဝမဖြစ်နိုင်ဘူး။ ပြီးတော့ မိုဟိုက်ကောကလည်း လုံးဝစိတ်ပါနေတာမဟုတ်ဘူး။

မိုကွေ့၏ဂိုဏ်းချုပ်အနေဖြင့် သူ့မှာ ကိုယ်ပိုင်မာနရှိပြီး အစွန်းရောက်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မူလဇာတ်ကြောင်းတွင် ချင်ရှီထျန်က မိုဟိုက်ကောကို သတ်ခဲ့ခြင်း ဖြစ်သည်။ သူသည် သူ မရနိုင်သည့်အရာကို ဖျက်ဆီးပစ်မည့်သူမျိုးပင်။

ထို့အပြင် မိုဟိုက်ကောသည် မိုကွေ့၏
လျှို့ဝှက်ချက်များစွာကို သိနေသဖြင့် သူ့အား လွယ်လွယ်နှင့် ထွက်သွားခွင့်ပေးရန် လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ဒေါသထွက်နေသော ချင်ရှီထျန်သည် သူ့တပ်ဖွဲ့များကို ကျွင်မိသားစုသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားခဲ့သည်။ သစ္စာဖောက်တွေကို ဖယ်ရှားဖို့ အဆင်သင့်ဖြစ်ပြီ!

ထိုသတင်းကို ကုပိုင် ကြားသောအခါ ချင်ရှီထျန်က မိုဟိုက်ကောကို ချစ်နေဆဲဖြစ်ပြီး သူ့ကို ထွက်သွားခွင့်ပေးလိုက်သည့်အတွက် နောင်တရနေသည်ဟု အလိုအလျောက် သတ်မှတ်ခဲ့သည်။ သူ့စိတ်ထဲမှာ ဒေါသမထွက်ဘဲ မနေနိုင်ချေ။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now