chapter~>14

1K 190 1
                                    


Unicode

နျဲ့ချင်းချန်၏လက်တွင်းမှ လွတ်မြောက်လာပြီးနောက် ကုပိုင်သည် သူ့နောက်မှ သရဲလိုက်ဖမ်းနေသကဲ့သို့ ထွက်ပြေးလာခဲ့သည်။ သူသည် အနောက်ကိုတောင် ပြန်လှည့်မကြည့်ရဲဘဲ လုံခြုံသောနေရာရောက်မှသာ အသက်ဝဝရှူရန် ရပ်တန့်လိုက်တော့သည်။

ယခုအချိန်တွင် နျဲ့ချင်းချန်နှင့် ငြင်းခုံနေရန် သူ့မှာ အချိန်မရှိပေ။ နျဲ့ချင်းချန်၏ဆိုးရွားလှသော ဒေါသနှင့်ဆိုလျှင် အရာအားလုံးကို အချိန်တိုအတွင်း ရှင်းပြနိုင်မည်မဟုတ်ပေ။ သူ့မစ်ရှင်ကို အရင်ပြီးအောင်လုပ်ပြီးမှ ထိုလူကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်မည်။

မစ်ရှင်ပြီးဆုံးပါက ကုပိုင်သည် ထွက်ပြေးဖို့ ရည်ရွယ်ချက် နည်းနည်းမှတောင်မရှိချေ။ နျဲ့မိသားစုက အင်အားကြီးမားတာကြောင့် သူ အောင်အောင်မြင်မြင် လွတ်မြောက်နိုင်မည်မထင်ပေ။ ထို့အပြင် သူ့အစီအစဉ်တွေမှာ နျဲ့ချင်းချန်၏အကူအညီ လိုအပ်နေ‌သေးသည်။

သူ့စိတ်ခံစားချက်တွေကို ရှင်းထုတ်ပြီးနောက် ကုပိုင်သည် အရင်ဆုံး ရဲကို ဖုန်းဆက်လိုက်ပြီး နန်လီချန်အကြောင်း သတင်းပေးလိုက်သည်။ ထို့နောက် သူသည် ချက်ချင်းပင် နန်လီချန်၏ဖုန်းကိုသုံး၍ ဝူကျန်းကျန်းအား မက်ဆေ့ပို့လိုက်သည်။


အခြေအနေကို ပိုမိုယုတ္တိရှိစေရန် ကုပိုင်သည် နန်လီချန်၏ကိုယ်ပေါ်မှ ရှာတွေ့ခဲ့သော ဆေးပုလင်းကို ထုတ်ယူလိုက်သည်။ ၎င်းကို အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် နှစ်စက်ကို ပြတ်ပြတ်သားသား လောင်းချပြီး သောက်လိုက်သည်။

လက်ကျန်များကို လွှင့်ပစ်ပြီးနောက် သူ့ဖုန်းကိုထုတ်ကာ 'တရားမဝင် ပစ္စည်း'အကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပို့လိုက်သည်။ ထို့နောက် သူ ဝူကျန်းကျန်းအား ချိန်းဆိုထားသည့် ပန်းခြံထောင့်သို့ ဒယိမ်းဒယိုင် လျှောက်သွားလေသည်။


သိပ်မကြာခင်မှာပဲ ကုပိုင်သည် အရပ်မျက်နှာပေါင်းစုံမှလာသော ခြေသံများကို ကြားလိုက်ရသည်။ သူ မျက်စိမှေး၍ကြည့်လိုက်သောအခါ လူလေးငါးယောက် သူ့ဆီ လျှောက်လာနေတာကို တွေ့လိုက်ရသည်။ ဦးဆောင်လာသူမှာ နေကာမျက်မှန်တပ်ထားသည့် လှ‌ပသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လုရုံချင်းကို အရိုးထိအောင်မုန်းတီးနေသော ဝူကျန်းကျန်း ဖြစ်သည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now