chapter~> 18

817 171 5
                                    


ကုပိုင်သည် အသံကြောင့် ထိတ်လန့်သွားပြီး အချိန်အတန်ကြာ မတုံ့ပြန်နိုင်ခဲ့ပေ။ အသံလာရာ အရင်းအမြစ်ကို ကြည့်ရန် ခေါင်းကို အလိုလိုမော့လိုက်မိသည်။ တောက်ပပြီး ဖြူစင်သော မျက်လုံးများက ချင်ရှီထျန်ကို မသိနားမလည်စွာဖြင့် မမှိတ်မသုန် စိုက်ကြည့်‌နေခဲ့သည်။

တပည့်သစ်များ၏ တာဝန်ခံအကြီးအကဲက သူ့ကို တွန်းလိုက်တဲ့အချိန်မှ သူ အသိပြန်ဝင်လာသည်။ သူ အမြန်ပြေးပြီး ချင်ရှီထျန်ရှေ့မှာ ဒူးထောက်လိုက်သည်။ သူက ချင်ရှီထျန်ကို ကြည့်ပြီး လေးလေးစားစား ဦးညွှတ်လိုက်သည်။

" ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်! "


မိုကွေ့ရှိလူတိုင်းက ချင်ရှီထျန်ကို ကြောက်ရွံ့ကြသည်။ အကြီးအကဲများနှင့် နန်းတော်သခင်များပင် ချင်ရှီထျန်ကို နှုတ်ဆက်တဲ့အချိန် ခေါင်းမော့မကြည့်ရဲကြ‌ပေ။

သို့သော် ကုပိုင်က ဒီအချိန်မှာ သူ့ကို သတ္တိရှိရှိ စိုက်ကြည့်နေခဲ့သည်။ သူက ရိုင်းစိုင်းတယ်လို့ ချင်ရှီထျန် မခံစားမိပေ။ ယင်းအစား အသစ်အဆန်းဖြစ်သည်ဟု ချင်ရှီထျန် ခံစားမိသည်။ ဒီကမ္ဘာမှာ သူ့ကို တည့်တည့်ကြည့်ရဲတဲ့သူ များများစားစား မရှိဘဲ အကြောက်တရားများသာ ရှိခဲ့သည်။

" မင်းနာမည် ဘယ်လိုခေါ်လဲ? အခု ဘာလို့ ကိုယ်တော်ကို စိုက်ကြည့်နေတာလဲ။ “

အသစ်အဆန်းဖြစ်နေသော်လည်း ချင်ရှီထျန်၏မျက်နှာသည် တင်းမာနေသေးသဖြင့် လူ‌တွေကို ကြောက်ရွံ့ထိတ်လန့်စေသည်။

တကယ်တော့ ကုပိုင်က အနည်းငယ် ကြောက်ရွံ့နေသေးသည်။ ထို့အပြင် မူလပိုင်ရှင်နှင့် လူတိုင်း၏အမြင်တွင် ချင်ရှီထျန်၏အကျင့်စရိုက်သည် ထူးဆန်းပြီး စိတ်ဆက်သည်။ စကားတစ်ခွန်းမှားရုံနဲ့ တစ်စုံ‌တစ်ယောက်ကို သတ်တယ်ဆိုတာ သူ့အတွက် ပုံမှန်ပဲ။ မစ်ရှင်မပြီးခင် သေရင် သူ တကယ် သေသွားလိမ့်မယ်။

ဒါပေမယ့် သူ့မှာ အားသာချက်တစ်ခုရှိတယ်။ သူ စိတ်ထဲမှာ ဘယ်လိုတွေးနေပါစေ သူ မဖော်ပြချင်ရင် သူ့စိတ်ထဲက ခံစားချက်တွေက သူ့မျက်နှာမှာ ပေါ်လာမှာမဟုတ်ဘူး။ ပြီးတော့ သူ့နှလုံးသားက အလွယ်တကူ မလှုပ်ရှားတတ်ဘူး။ ဒါကြောင့် သူ အသက်ရှင်နေတုန်းက သူ့ကိုသိတဲ့သူတွေက သူ့မှာ နှလုံးသားမရှိဘူးလို့ အမြဲပြောကြတယ်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Tempat cerita menjadi hidup. Temukan sekarang