chapter ~> 21

798 172 4
                                    


ချင်ရှီထျန်၏ကျင့်ကြံရေးအဆင့်မှာ အလွန်မြင့်မားသဖြင့် ကုပိုင်သည် သူ့ကို
အလွယ်တကူ အမှီမလိုက်နိုင်ခဲ့ပေ။

သူ ချင်ရှီထျန်၏အိပ်ဆောင်အတွင်းသို့ အလောတကြီး ဝင်သွားသောအခါ ‌အစေခံများက ထိတ်လန့်တကြား ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

အခန်းထဲတွင် ချင်ရှီထျန်၏အနက်ရောင်ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မိုဟိုက်ကောကို ကုတင်ပေါ် ပစ်တင်လိုက်ချိန် သူ့မျက်လုံးများက နီရဲနေလေသည်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။

" မင်းကများ ကိုယ်တော့်ကို ပလိပ်ရောဂါလို ဆက်ဆံရဲတယ်! မင်းက ကိုယ်တော့်လူ။ ကိုယ်တော့်ကို မထိမဲ့မြင်ပြုရဲတယ်ပေါ့! အဲဒီရေခဲကျောက်စိမ်းကိုရဖို့ ကိုယ်တော် ဘယ်လောက်တောင် အင်အားစိုက်ထုတ်ခဲ့ရလဲ မင်း သိလား "

ချင်ရှီထျန် မိုဟိုက်ကောကို ဒေါသထွက်သည်မှာ နှစ်ပေါင်းများစွာအတွင်း ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။ သိသာထင်ရှားစွာ သူသည် ဒေါသထွက်လွန်းလို့ စိတ်လွတ်သွားခဲ့သည်။ သူက မိုဟိုက်ကောကို ကောင်းကောင်းဆက်ဆံခဲ့သော်လည်း အဆုံးမှာတော့ မိုဟိုက်ကောက သူ့လက်ကိုတောင် ထိခွင့်မပေးခဲ့ချေ။ သူ့ကို စက်ဆုပ်ရွံရှာဖွယ် ပလိပ်ရောဂါသည်တစ်ယောက်လို
ဆက်ဆံနေမှတော့ သူ ဘယ်လိုလုပ် ခံစားချက်ကောင်းနိုင်ပါတော့မလဲ။

ချီနှင့်သွေးများက တဟုန်ထိုး အုံကြွလာသည်။ ချင်ရှီထျန်ကို ကြည့်ရတာ ချီဖောက်ပြန်သွားပုံရသည်။ သူသည် မိုဟိုက်ကောကို သူ့လက်မောင်းကြားမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ သူ့ခေါင်းကို မိုဟိုက်ကော၏လည်ပင်းမှာ မြှုပ်ထားပြီး သူ့ကိုယ်သင်းနံ့ကို လောဘတကြီး ရှူရှိုက်နေလေသည်။

မိုဟိုက်ကောက မသတီစွာ မျက်မှောင်ကြုတ်လိုက်သည်။ သူ ထွက်ပြေးချင်ပေမယ့် ချင်ရှီထျန်၏ဆုပ်ကိုင်ထားမှုက တင်းကျပ်လွန်းတာကြောင့် သူ ခဏလောက် မလွတ်မြောက်နိုင်ခဲ့ပေ။

သူ ရုန်းကန်လေလေ၊ ချင်ရှီထျန်က ဒေါသပိုထွက်လေလေပင်။ သူ့မျက်လုံးများက နီရဲနေပြီး အသိစိတ် ပျောက်ဆုံးနေသည်။ သူက သူ့လည်ပင်းကို ကိုက်ရန် ပါးစပ်ဟလိုက်ပြီး သူ့လက်နှစ်ဖက်က သူ့ခန္ဓာကိုယ်အနှံ့ လက်လွတ်စပယ် လှည့်လည်သွားလာနေသည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now