chapter~26.1

941 187 4
                                    


ကုပိုင်၏ အကြံပေးချက်ကြောင့် ချင်ရှီထျန်သည် ထိုအချိန်က ကျွင်မိသားစုကို မထိခဲ့ပေ။

သို့သော် ချင်ရှီထျန်သည် ရိုးသားပြီး ကြင်နာတတ်သူ မဟုတ်ပေ။ သူသည် မိုကွေ့၏ဂိုဏ်းချုပ်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သော၊ သွေးဆာနေသော၊ လွယ်လွယ်နှင့် ခွင့်မလွှတ်တတ်သော နတ်ဆိုးခေါင်းဆောင် ဖြစ်သည်။

ပြန်လာပြီးနောက် သူသည် ခရမ်းရောင်နှလုံးသားသွေးကြာ ရင့်မှည့်လာမည့်အချိန်ကိုစောင့်ရင်း တိတ်ဆိတ်သည့်အရပ်၌ တံခါးပိတ်ကျင့်ကြံခဲ့သည်။ သူ ပြန်ထွက်လာသောအခါ ကုပိုင်သည် သူ့ခန္ဓာကိုယ်တွင် ကြီးမားသော စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး မည်သူကမျှ သူ့ပြိုင်ဘက်မဖြစ်နိုင်ဟု ထင်ယောင်ထင်မှား ဖြစ်စေသည်။

မဟုတ်ဘူး၊ ဒါက ထင်ယောင်ထင်မှား မဟုတ်ဘူး။ ရင့်မှည့်ပြီးသော ခရမ်းရောင်နှလုံးသွေးကြာကို စားသုံးပြီးနောက် ချင်ရှီထျန်သည် ကောင်းကင်ဘုံအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ သူက ဒီကမ္ဘာကြီးထဲမှာ ပြိုင်ဘက်မရှိတော့ဘူး။

ထို့နောက် ချင်ရှီထျန်သည် သူ့တပ်ဖွဲ့များကို ကျွင်မိသားစုသို့ ထပ်မံခေါ်ဆောင်သွားခဲ့သည်။ သူသည် ကျွင်ရန်ဟန်နှင့် မိုဟိုက်ကောကို မသတ်ခဲ့ဘဲ ကျွင်ရန်ဟန်၏ ချီသွေးကြောနှင့် စွမ်းအင်ဗဟိုချက်ကို ဖျက်စီးခဲ့သည်။ ကျွင်မိသားစု၏ အိမ်တော်ကြီးကိုလည်း ဖျက်စီးပစ်ခဲ့သည်။ ကျွင်ရန်ဟန်က ဘယ်တော့မှ ကျင့်ကြံနိုင်မှာ မဟုတ်တော့ပေ။ သူ့ဘဝတစ်လျှောက်လုံး သာမန်လူအဖြစ်သာ ဖြတ်သန်းနိုင်‌တော့မည်။

ကျွင်မိသားစု၏ အမတစွမ်းအားရှင်ဘိုးဘေး ပေါ်လာသောအခါ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ သူက ချင်ရှီထျန်ကို အနိုင်မယူနိုင်ဘဲ ကံမကောင်းကြောင်းသာ လက်ခံခဲ့ရသည်။ ကျွင်မိသားစုက ဖျက်စီးခံလိုက်ရသော်လည်း တိုက်ကြီးတစ်ခုလုံးက ကြောက်ရွံ့ရသော ဤနတ်‌ဆိုးခေါင်းဆောင်သည် ကျွင်မိသားစု၏ သားမြေးအကုန်လုံးကို မသတ်ခဲ့သည့်အတွက် သူက ကျေးဇူးတင်နေခဲ့သည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now