chapter~>16 (arc-2)

1.4K 174 3
                                    

နောက်ဆုံးတွင် ကုပိုင်၏ထွက်သွားမည့်အစီအစဉ် မအောင်မြင်ခဲ့ချေ။

သူ့ပုံစံအစစ်ကို ဖော်ထုတ်ခဲ့ပြီး လူငယ်လေး၏မျက်နှာချိုသွေးမှုများက သူ့ကို အသုံးချရုံသက်သက်မှန်း သိလိုက်ရတဲ့အချိန်မှာ နျဲ့ချင်းချန်က အရမ်းဒေါသထွက်သွားခဲ့ပေမယ့် ကုပိုင်ကို အဝေးသို့ မောင်းမထုတ်နိုင်သေးသည့်အပြင် ရွံရှာမှုလည်း မဖြစ်မိပေ။

နျဲ့ချင်းချန်က ထွက်သွားဖို့ မပြောလာတာကြောင့် ကုပိုင်လည်း သူ့ဘက်ကစပြီး ထွက်မပြေးရဲပေ။

နျဲ့မိသားစုက အင်အားကြီးမားလွန်းသဖြင့် ဘာလိုပဲဖြစ်ဖြစ် သူ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် သူ့ဘဝတစ်လျှောက်လုံး ထွက်ပြေးရင်း မကုန်ဆုံးချင်‌ပေ။ ဒီလို အင်အားကြီးမားပြီး ဒေါသထွက်နေတဲ့ ယောက်ျားရှေ့မှာ သူက နာခံမှုရှိရှိနှင့် သူ့ကို တက်ဖိခွင့်ပြုလိုက်တော့သည်။ ဒီခန္ဓာကိုယ်က သူ့ဟာ မဟုတ်တာကြောင့် သူ့ကို တက်ဖိခွင့်ပေးလိုက်တာ အဆင်ပြေပါတယ်လို့ သူ့ကိုယ်သူ နှစ်သိမ့်လိုက်သည်။

သေချာတာပေါ့။ သူ အဲဒီလိုပြောခဲ့ပေမယ့်လည်း ထိုယောက်ျားက သူ့အထဲ တိုးဝင်လာသောအခါ ကုပိုင်က သူ့ခန္ဓာကိုယ်သာမက သူ့စိတ်ဝိညာဉ်ကပါ ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

သူ နျဲ့ချင်းချန်ကို နမ်းလိုက်တဲ့အချိန် ခံစားရသည့် ဝါးမျိုခံလိုက်ရသလို ကြောက်မက်ဖွယ်ခံစားချက်ကြီးက ပြန်ပေါ်လာပြီး ‌၎င်းက ပို၍ပင်ပြင်းထန်လာသည်။ သို့ရာတွင် တစ်ချိန်တည်းမှာ သူ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးသည့်ခံစားချက်ကလည်း တဖြည်းဖြည်း တိုးလာသည်ကို သူ ခံစားရသည်။ ဒီခံစားချက်က သူ့ကို ထွက်သွားဖို့ ပိုလို့တောင်
ဝန်လေးစေသည်။

နောက်ဆယ်စုနှစ်အနည်းငယ် ကြာသည်အထိ သူသည် နျဲ့ချင်းချန်၏အနားတွင် ရှိနေခဲ့သည်။

ထိုလူ၏ပိုင်ဆိုင်လိုစိတ်က အလွန်ပြင်းထန်သည်။ သူ့အရင်လုပ်ရပ်တွေကြောင့် နျဲ့ချင်းချန်က သူ့အပေါ် ယုံကြည်မှု ပျောက်ဆုံးနေပြီဖြစ်သည်။အခုကစပြီး ကုပိုင် ဘယ်နေရာကိုသွားသွား သူ လိုက်ပို့ပေးလိမ့်မည်။ သူ့ကို တစ်နာရီလောက် မတွေ့ရရင် သူ အတော်လေး ဒေါသပေါက်ကွဲနေလိမ့်မည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Donde viven las historias. Descúbrelo ahora