chapter~>6

1K 188 3
                                    


နန်လီချန်၏ရုပ်ရည်သည် ရက်ပိုင်းအတွင်းမှာပင် ကျောင်းတွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။

လုရုံချင်း ပညာသင်နေသော ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာများသည် စာသင်ကောင်းရုံသာမက ရုပ်ရည်လည်း ကြည့်ကောင်းကြသည်။
ကျောင်းတွင် ချောမောလှပသော ဆရာများစွာရှိသော်လည်း နန်လီချန်နှင့် ယှဉ်နိုင်သူ အနည်းငယ်သာရှိ၏။

သူ့တွင် ပုခုံးကျယ်ကျယ်၊ သေးသွယ်သော ခါး၊ သွယ်လျသော ခြေလက်များနှင့် အချိုးအစားကျသော ခန္ဓာကိုယ် ရှိသည်။ သူသည် ရုပ်ရည်‌ ချောမောရုံသာမက သူ့ခန္ဓာကိုယ်မှာလည်း ပထမတန်းစားပင်။ သူ ဝတ်သမျှ အဝတ်အစားတိုင်းက စမတ်ကျနေသည်။

ရိုးရှင်းသော တီရှပ်နှင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီသည်ပင် သူ့ခန္ဓာကိုယ်၏ အချိုးအစားကို ပေါ်လွင်စေသည်။ ပြေပြစ်ပြီး ခွန်အားအပြည့်‌နှင့်။ နူးညံ့သိမ်‌မွေ့သော်လည်း ပိန်နေသည်မျိုးမဟုတ်။ ချောမောပြီး ပြစ်ချက်ကင်းသည့် တစ်ကယ့်ကို နတ်ဘုရားတစ်ဆူပင်။

သူ့အတန်းချိန်တွင် ဘယ်သူမှ အတန်းမပျက်ကြသလို အခြားအတန်းက အတန်းပျက်ပြီး လာတက်ကြတဲ့သူတွေတောင် ရှိသည်။ အားလပ်ချိန်တွေမှာ လူတိုင်းက သူနဲ့စကားပြောဖို့
အခွင့်အရေးကို ရှာနေကြသည်။

သို့သော် သူက ကုပိုင်အပါအဝင် ဘယ်သူ့ကိုမှ မျက်နှာသာမပေးခဲ့ပေ။

သဘာဝကျကျပင် ၎င်းက သူ၏လှည့်ကွက်ဖြစ်ကြောင်း ကုပိုင် သိထားသည်။ ပလေးဘွိုင်တစ်ယောက်ဟာ အမဲလိုက်နေစဉ်မှာ အလျင်စလို မလုပ်ဘဲ သူ့ဆီ ချဉ်းကပ်ဖို့ အကောင်းဆုံးအခွင့်အရေးကို စောင့်နေခြင်းသာ...။

ကျောင်းဆင်းချိန်၌ ဖုဇီရွှမ်ဆီက ဖုန်းဝင်လာခဲ့သည်။ တစ်ဖက်လူက သူ့ကို ထမင်းစားဖိတ်နေပေမယ့် သူ့လေသံက အလွန်အေးစက်နေသည်။

ဖုဇီရွှမ်၏အကျင့်စရိုက်အရ အကြောင်းပြချက်မရှိဘဲ သူ့ကို စပြီး ထမင်းစားဖိတ်မည် မဟုတ်ပေ။ ထို့ကြောင့် ဤညစာက သေချာပေါက် ပြဿနာရှိနေသည်။

ကုပိုင်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ဖုန်းထဲမှာ ကတိပေးလိုက်ပြီးနောက် သူ ပြုံးလိုက်သည်။ ဒီလူတွေ ဘာလုပ်မလဲ သူ ကြည့်ချင်နေတာ!

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now