chapter~>11

1K 169 3
                                    


ဖုန်းထဲကအသံကို ကြားလိုက်ရသောအခါ နန်လီချန်၏မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

'ဒါ ဝူကျန်းကျန်းပဲ။ ဒါ ဝူကျန်းကျန်း '
ဒီအတွေးက သူ့စိတ်ထဲမှာ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

" ဒေါက်တာ ခင်ဗျား ကျွန်တော့်အဖေကို ကယ်ရမယ်။ စိတ်မပူပါနဲ့။ ကုသမှုကိုလည်း မရပ်လိုက်နဲ့။ ကျွန်တော် အခုချက်ချင်း ငွေချေလိုက်ပါ့မယ်။ ခင်ဗျား
ကုသမှုကို ဆက်လုပ်လို့ရတယ်... "

နန်လီချန်က မှုန်မှိုင်းသောမျက်နှာဖြင့် ဖုန်းကို ချလိုက်သည်။ ထို့နောက် သူသည် ဝူကျန်းကျန်း၏ဖုန်းနံပါတ်ကို  ခေါ်ဆိုလိုက်သည်။

" မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ? ငါ့အဖေရဲ့ ကုသမှုကို ဘာလို့ရပ်လိုက်တာလဲ? "

သူ ဒေါသတကြီးဖြင့် အံကြိတ်လိုက်သည်။ သူ့အဖေရဲ့ အခြေအနေက အရမ်းအန္တရာယ်များတယ်။ တစ်ရက်လောက် ဆေးသောက်တာ ရပ်လိုက်တာနဲ့ အသက်အန္တရာယ်ရှိနိုင်တယ်။

ဖုန်း၏အခြားတစ်ဖက်တွင် ဝူကျန်းကျန်းက ပြုံးလိုက်သည်။

" ရှင်က ကျွန်မအချိန်တွေကို ဖြုန်းပစ်လိုက်တယ်လေ။ ကျွန်မ ရှင့်ကို အရင်တစ်ခေါက်က ပြောခဲ့သားပဲ။ ဒါပေမယ့် အခုအချိန်ထိ ဘာရလဒ်မှ မတွေ့ရသေးဘူး။ ကျွန်မ ရှင့်ကို သတိပေးလိုက်တာ... "

နန်လီချန် အံ့အားသင့်သွားသည်။ သူက  ဒေါသကို ထိန်းပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

" ငါ ဘာလုပ်ရမလဲ ငါ သိတယ်။ ငါ့အဖေရဲ့ ခွဲစိတ်မှုအတွက်သာ ချက်ချင်း ပြင်ဆင်ပေး! "


" အရင်တစ်ခေါက်ကလည်း ရှင် ဒီလိုပြောခဲ့တာပဲ။ ဒါပေမယ့် ​ဘာမှ တိုးတက်​မလာဘူးလေ " 

ဖုန်း၏အခြားတစ်ဖက်တွင် ဝူကျန်းကျန်း၏အသံသည် အေးစက်သွားသည်။

" ငါ မင်းကို ကတိပေးတယ်! "

နန်လီချန်၏မျက်လုံးများ မည်းမှောင်သွားကာ မေးကြောများ တင်းလာသည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now