chapter~>22

845 166 8
                                    


ကုပိုင်သည် ချင်ရှီထျန်၏အိပ်ခန်းမှ ထွက်လာပြီးနောက် နတ်ဆိုးသက်တော်စောင့်များနေထိုင်ရာ အဆောင်သို့ ပြန်လာခဲ့သည်။ အခုအခြေအနေက သူ စရောက်ကာစ အခြေအနေထက် အများကြီး ပိုကောင်းလာခဲ့ပြီ။ အခု သူ့မှာ ကိုယ်ပိုင်အခန်းရှိနေပြီ ဖြစ်သည်။


သူ့အခန်းထဲပြန်ရောက်သောအခါ  တံခါးကို လော့ချလိုက်ပြီး စားပွဲတွင် ထိုင်ကာ ရေတစ်ခွက် လောင်းထည့်လိုက်သည်။ စိတ်ငြိမ်စေရန်အတွက် ချက်ချင်းပင် ရေတစ်ခွက်အပြည့် မော့ချလိုက်သည်။


သူ အခုလေးတင် တည်ငြိမ်ဟန်ဆောင်ခဲ့ပေမယ့် အမှန်တော့ သူ့စိတ်ထဲမှာ သေလောက်အောင် ကြောက်နေခဲ့တာ။ ချင်ရှီထျန်က သူ့ကို တကယ် သတ်မယ်ဆိုရင် သူ အဲဒီမှာ ရပ်ပြီးသေဖို့စောင့်နေရုံပဲ။ သူ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ အဆုံးမှာတော့ သူ ကျည်ဆံကို ရှောင်တိမ်းနိုင်ခဲ့သည်။

သူ့နဖူးမှ ချွေးများကို သုတ်ရင်း ကုပိုင်သည် မိုဟိုက်ကောကို စိတ်မပျက်ဘဲ မနေနိုင်ချေ။

တကယ့် ဂြိုလ်ကောင်ပဲ။ သူ့ဘာသာသူ ဘယ်လောက် အေးစက်ပြီး ချေမိုးနေပါစေ ကိစ္စမရှိဘူး။ အနည်းဆုံးတော့ အရိပ်အကဲ ဘယ်လိုကြည့်ရမလဲ သိထားသင့်တယ်။ နတ်ဆိုးဘုရင်ကြီးကို ရန်စပြီး သူကျတော့ မြန်မြန်ထွက်ပြေးသွားတယ်။ ကျန်တဲ့သူတွေက ခေါင်းခံရတယ်!

စိတ်အနှောက်အယှက်ဖြစ်ပြီးနောက် ကုပိုင်သည် သူ ချင်ရှီထျန်ကို နမ်းလိုက်သည့်ခံစားချက်ကို ပြန်သတိရသွားသည်။


စိတ်ဝိညာဉ်ကို ဝါးမျိုချင်သလို အရာအားလုံးကို လွှမ်းမိုးခြယ်လှယ်ထားသည့် ကြောက်မက်ဖွယ်ခံစားချက်မျိုးပင်။ ၎င်းက အရင်ကမ္ဘာမှ နျဲ့ချင်းချန်ကဲ့သို့ပင် သူ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးခဲ့သည်။

ဒီခံစားချက်က ဘာမှန်း သူ မသိပေမယ့် ပုံမှန်မဟုတ်တာကိုတော့ သူ့အလိုလို ခံစားမိတယ်။ အနည်းဆုံးတော့ အဲဒီစွမ်းအားက သူ့စိတ်ဝိညာဉ်ကို သန်မာစေတယ်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now