chapter~>15

1.2K 193 2
                                    


နျဲ့မိသားစုသည် ဩဇာကြီးမားသောကြောင့် ကိစ္စများကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။

ဗီလာတွင် ပါတီကျင်းပကြသူအများစုမှာ ချမ်းသာပြီး အင်အားကြီးမားသော လူကုန်ထံမိသားစုများမှ သခင်လေးနှင့် သခင်မလေးများ ဖြစ်ကြသည်။ ဒီလိုပါတီမျိုးက လူသိများတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အဖမ်းခံရရင်တောင် ရဲစခန်းမှာ တစ်ညထိန်းသိမ်းခံရရုံနဲ့ ပြီးသွားမှာပါ။

သို့သော်လည်း နျဲ့ချင်းချန်၏ကြားဝင်မှုကြောင့် ထိုကိစ္စကို လွယ်လွယ်ကူကူ ဖြေရှင်းလို့မရတော့ချေ။

နျဲ့ချင်းချန်သည် အထက်တန်းလွှာအသိုင်းအဝန်းတွင် လူသိများသည်။ သူသည် အသိုင်းအဝန်းကြားတွင် ဆိုးရွားလှသော ဒေါသကြောင့် နာမည်ကြီးသော်လည်း အလွန်စီးပွားရေးအမြင်ရှိသူ ဖြစ်သည်။ သူ နျဲ့မိသားစုကို ဦးဆောင်သည့်အချိန်မှစ၍ နျဲ့မိသားစုသည် တရုတ်နိုင်ငံစီးပွားရေး၏ အသက်သွေးကြောတစ်ဝက်ဟု ဆိုနိုင်သည်။

ထို့အပြင် နျဲ့မိသားစု၏အမျိုးသမီးကြီးသည် မယုံနိုင်လောက်အောင် သြဇာကြီးမားသော စစ်တပ်နှင့် နိုင်ငံရေးမိသားစုမှ မွေးဖွားလာခဲ့သည်။ ယခုအချိန်တွင် နျဲ့ချင်းချန်က တစ်စုံတစ်ယောက်ကို စစ်ဆေးမေးမြန်းရန်အတွက် ချုပ်နှောင်ထားချင်သည်ဆိုပါက လူအနည်းငယ်သာ ငြင်းဆန်ရဲပေလိမ့်မည်။

နျဲ့မိသားစု၏ညွှန်ကြားချက်အောက်တွင် မာနကြီးသော သခင်လေးနှင့်သခင်မလေးများအားလုံးက လိမ်လိမ်မာမာနှင့် ပူးပေါင်းကာ မေးသမျှမေးခွန်းများကို ဖြေပေးကြသည်။ ထိုနေ့တွင် ဝူကျန်းကျန်းသည် လုရုံချင်းကို ဗီလာသို့ခေါ်လာသောအခါ ဖုံးကွယ်မထားခဲ့ပေ။ ထို့ကြောင့် ဝူကျန်းကျန်းသည် လျင်မြန်စွာ ဖော်ထုတ်ခံလိုက်ရသည်။

အခြားတစ်ဖက်တွင် နန်လီချန်သည်လည်း အခြေအနေကို ရိုးရိုးသားသား ရှင်းပြလာခဲ့သည်။

ကုပိုင်၏ယခင်အရိပ်အ‌ခြေပြမှုဖြင့် နန်လီချန်သည် ကိစ္စတစ်ခုလုံးကို သူ့ဦးနှောက်ထဲတွင် လျင်မြန်စွာချိတ်ဆက်နိုင်ခဲ့ပြီး ၎င်းက အလွန်ယုတ္တိရှိလှသည်။

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now