စိတ်ထဲမှသာ ရေရွတ်နေသော်လည်း အပြင်မှာ လုပ်မိသည်က မျက်လုံးပေါက်များ ပိတ်သွားသည်အထိ ရွဲ့၍ ရယ်ပြမိလိုက်သည်......
" Aigoo Oppa က ချောလိုက်တာ.... Suzy လက်ခံလိုက်တော့မယ်...... Oppa နဲ့ လက်ထပ်ဖို့ ပေးတွေ့ပေးတဲ့ Appa ကိုလည်း ကျေးဇူးတင်ပါတယ်လို့..... "
" ဘာပြောတယ်....... "မျက်နှာကြီးပြုံးဖြီးလျက် လက်နှစ်ဖက်က ဆုတောင်းသလိုလုပ်နေသော ထိုမိန်းခလေးအား ကြည့်နေရင်းမှ စိတ်ထဲတွင် အလိုမကျမှုများဖြင့် ပြည့်နှက်လာ၏။
" ဒီမှာ မင်းက မင်းသဘောကျတယ်ပဲရှိရသေး မင်းကိုတော့ ငါက လုံးဝသဘောမကျဘူးဆိုတာရော သိရဲ့လား...... "
Yoongi တင်းမာသော မျက်နှာထားနှင့် စားပွဲတွင် ၀င်မထိုင်သေးဘဲ လက်ပိုက်ပီးပြောလိုက်တော့ အံ့ဩသွားသော သူမမျက်နှာ.....
ပီးတော့ မျက်လုံးပြူးမျက်ဆံပြူးနှင့် သူ့အား ပြူးကြောင်စွာ ပြန်ကြည့်လာသည်....." ဟွန့် Oppa ကလည်း ဒီလောက်လှတဲ့ Suzy ကို ငြင်းရက်တယ်ပေါ့ ဟုလား..... "
" ဟား စိတ်ပျက်စရာကြီး မင်းမျက်နှာလည်း မင်းပြန်ကြည့်စမ်းပါကွ..... ဒီမှာ တစ်ခုပဲပြောမယ်..... ဒီနေ့ မင်းနဲ့ငါနဲ့တွေ့ဆုံပွဲက အဆင်ပြေပြေပီးသွားတယ်လို့ပဲ မှတ်ယူလိုက်ပါ..... ဒါပေမယ့် ငါနဲ့စေ့စပ်ဖို့ကို သဘောမတူဘူးလို့ မင်းအဖေကိုပြောလိုက်..... "
" Oppa အဲ့လိုမပြောပါနဲ့ Suzy ကတော့ Oppa ကို သဘောကျတယ်..... နော်လို့.... ဟင့်..... "
" ဟာကွာ စိတ်ပျက်စရာကြီး.... မင်းဘက်က ဘယ်လိုပဲ သဘောထားထား ငါ့ဘက်ကတော့ လက်မခံနိုင်ဘူး..... ပီးတော့ ငါ့မှာကလေးနှစ်ယောက်ရှိတယ်.... ငါ့မိန်းမက မွေးပီးပီးချင်းဆုံးသွားတာဆိုတော့..... "
" ဘာ...... Oppa က မိန်းမရှိတယ် ဟုလား ကလေး ကလေးပါရှိတယ်....... "
" ဟုတယ်..... ကဲ သိပီးပီဆိုတော့ တစ်ယောက်တည်း နေရစ်ခဲ့ပါနော်.... ခွင့်ပြုပါဦး..... "
" နေ နေ နေပါဦး Oppa..... Oppa.... "စိတ်ပျက်စရာ ၀တ်စားထားသော ထို မိန်းကလေးအား ပြောချင်ရာပြောကာ Coffee ဆိုင်ထဲမှ ထထွက်လာခဲ့၏။
တကယ်တော့ Yoongi ဘ၀က မိန်းမလည်းမရှိ ကလေးလည်းမရှိ လူပျိုလူလွတ်.....
သို့ပေမယ့် ဒီလိုမျိုး လျော့တိလျော့ရဲ မိန်းကလေးပုံစံများကို စိတ်တိုင်းမကျသဖြင့် တူနှစ်ယောက်အား သားအဖြစ်ဆွဲထည့်ကာ ငြင်းခဲ့ပေါင်းက များလှပီ.....
အဖေဖြစ်သူက ထိုကိစ္စနှင့် ပတ်သက်၍ မည်မျှပင်အော်ငေါက်ပစေ Yoongi အတွက်ကတော့ ပန်းနှင့်ပေါက်သကဲ့သို့ မှတ်ယူခဲ့သည်.....
ခုလည်း လက်မလျော့သေးသော အဖေ့အား စိတ်တိုသဖြင့် ပြောချင်ရာပြောကာ ထွက်လာခဲ့ခြင်းပင်.....
ကားပေါ်တတ်၍ မောင်းမည်ပြုဆဲ ဆက်ခနဲ မြည်လာသော ဖုန်းသံကြောင့် မကိုင်သေး
ဘဲ Screen အားကြည့်လိုက်၏။
Contact Name တွင်တော့ အဖေဟူသော စာလုံးကြီးက အထင်းသား.....
စကားမများချင်သဖြင့် ဖုန်းအား ပါဝါပိတ်ကာ ကားနောက်ခန်းထဲသို့ တစ်ပါတည်း ပစ်ထည့်လိုက်သည်.....
Min Yoongi ဆိုသည်မှာ အချေလူစားပေမို့ ဒီလောက်ကတော့ အပျော့.....
YOU ARE READING
Our Baby Hyung ♡ [ Completed ]
FanfictionHyung က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အပိုင်ပဲ ဖြစ်ရမယ်..... အော် ဟော် သိပါတယ်ဆိုနေ.....