❀ 12 ❀ ( Z + U )

1.3K 127 12
                                    

မနက်ရောက်တော့ နွေးထွေးမှုအပြည့်ဖြင့် Tae နိုးလာရ၏။
လေးလံသော အထိအတွေ့နှင့်မို့အိပ်ချင်မူးတူးဖြင့် ပတ်ဝန်းကျင်အား ကြည့်မိတော့ အိပ်ချင်စိတ်များပင် ပြေပျောက်သွားရသည်.......
အားလားလား အနားတွင် သူ့အား ဖက်ခေါင်းအုံးသဖွယ် ပွေ့ဖက်ကာ ဖက်အိပ်နေကြသော အမြွှာနှစ်ကောင်.....
နှုတ်ခမ်းများထော်ကာ တဖူးဖူးဟောက်နေသောပုံက ပိတ်ကန်ချင်စရာကောင်းလှ၏။
တော်သေးတာပေါ့ သွားရည်တွေ သူ့ပေါ်မကျလို့.....
တွေးချင်ရာတွေးရင်း ထိုင်နေပေမယ့် စိတ်ရောက်သွားသည်က ပတ်ပုကျိဆီ......
ဒီနှစ်ကောင် ဘယ်ကိုများ ပို့လိုက်ပီလဲ ?






" ဟာကွာ လေးလိုက်တာ လက်ကြီးတွေက...... "




Tae အော်ကာ ဖယ်မသော်လည်း မရချေ......
အိပ်နေတာမှတုတ်တုတ်တောင်မလှုပ်ကြ......
ကြည့်လေ ခါးသေးသေးလေးကို လက်ကြီးနှစ်ဖက်က အတင်းကိုင်ပီးဖက်အိပ်နေကြတာ ဖြစ်သင့်ရဲ့လားလို့......
အတင်းကုန်းရုန်းထသော်လည်း ဖယ်မပေးသောကြောင့် ပေ၍သာ ထိုင်နေရသည်.....
ဒါ သေချာပီ သူတို့မနိုးမချင်းထိုင်နေရမည်ဆိုသည်ကား......







တစ်ဖက်မှာတော့......
အမြွှာနှစ်ကောင်က Jimin အား ကုတင်အောက်တွင် ချထားခဲ့သော်လည်း အခု ကုတင်အောက်ရောက်နေသူက Min Yoongi......
အိပ်နေရင်းမှ ဘယ်ကဘယ်လို ပြောင်းသွားမှန်းပင်မသိတော့......
Yoongi အိပ်ပျော်နေရာမှ ဖက်ခေါင်းအုံးအား အသာစမ်းမိတော့ ဖက်ခေါင်းအုံးအစား ခြေသုတ်ခုံကြီးသာ စမ်းမိ၏။





" အမ် ဘာကြီးလဲ...... "




မျက်လုံးမဖွင့်သေးဘဲ သေချာစမ်းကြည့်ပြန်၏။
သေချာပါတယ် ဖက်ခေါင်းအုံးလည်းမဟုဘူး......
ဒီတစ်ခါတော့ ပိုသေချာစေရန် မှေးစင်းသော မျက်လုံးအား အတင်းပြူးပြဲကာ ကြည့်လိုက်သည်.....






" ဟာ ဘာကြီးလဲ...... ‌ခြေသုတ်ခုံကြီး....!!!! "




ကမူးကရူးထိုးထကာ ကုတင်ပေါ်ကြည့်မိတော့ ကုတင်ပေါ်တွင် သူ့ဖက်ခေါင်းအုံးအား ခွကာ အကျအနအိပ်နေသော မယ်မင်းကြီးသားအား တွေ့လိုက်ရသည်......
မနက်ခင်းမို့ အိပ်ရေးမ၀သည့်အပြင် နဂိုတည်းက ဒေါသကြီးသူမို့ စိတ်တိုလာမိသည်.......
စောင်အား ဆွဲခွာကာ အသံပါဝါကောင်းကောင်းနှင့် အော်လိုက်၏။






Our Baby Hyung  ♡ [ Completed ]Where stories live. Discover now