❀ 39 ❀ ( Z + U )

722 56 10
                                    

" ဆိုတော့ကာ..... "
တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင် ရှတတထွက်ပေါ်လာသော အသံ.......
ဘေးမှ Hoeseok ကတော့ အကိုဖြစ်သူအား မဝံ့မရဲကြည့်လျက် ကြိတ်၍ဆုတောင်းနေမိ၏။
ကျေးဇူးပြု၍ လက်ခံပေးလိုက်ပါ အကို........
" အကိုတို့ဘက်က ဘာမှပြောစရာတော့မရှိပါဘူး ညီတို့ဘက်ကသာ အကြောင်းပြန်ပေးရင်ရပါပီ..... "
ပြတ်သားတည်ကြည်စွာဆိုလာသော Namjoon အား Yoongi တစ်ချက်စိုက်၍ ကြည့်လိုက်၏။
သို့သော် ပြတ်သားသော မျက်၀န်းများက တစ်စုံတစ်ခုအား သေသေ‌ချာချာ ဆုံးဖြတ်ခဲ့ပီးဟန်........
ဝိုင်ခွက်ဆီသို့သာ အကြည့်လွှဲလိုက်ပီး Yoongi စဉ်းစားနေမိ၏။
ငယ်စဉ်ကတည်းက မွေးလာ‌ခဲ့သော တူနှစ်ကောင်.......
ကြီးလာလို့ အတောင်စုံချိန်ရောက်သည်အထိ စောင့်ရှောက်ပေးရမှာက သူ့တာ၀န်ဖြစ်နေသေး၏။
ဆယ့်ရှစ်နှစ်ပေမယ့် ကလေးနှစ်ယောက်၏ အသိဉာဏ်စွမ်းက အများကြီးရှိနေမှန်း သူသိပါသည်......
ပီးတော့ ယခုလိုလက်ထပ်ပေးရမှာကလည်း နည်းနည်း.......
" အကို လက်ခံပေးလိုက်ပါ အကို့တူတွေအကြောင်းလည်း သိသားနဲ့...... "
သူ့နားနားသို့ ကပ်ကာ တိုးတိုးလာပြောသော ညီဖြစ်သူကြောင့် Yoongi မျက်လုံးများမှိတ်ကာ သက်ပျင်းခိုးချမိသည်......
ငယ်သေးသည် ဘာပဲဖြစ်ဖြစ် ငယ်သေးသည် မဟုလား.......
တစ်ဖက်က လူတွေကလည်း ထိုကလေးတွေ ငယ်ငယ်တည်းက‌ အိမ်နီးချင်းနေလာကြတဲ့သူတွေပဲ......
" ဒါက အကို့ရဲ့ ဆန္ဒလေးပါ သားလေးကို စိတ်ချရတဲ့သူတွေနဲ့ပဲ ထားခဲ့ချင်တာ...... "
ညိုးငယ်စွာဆိုလာသော SeokJin ကြောင့် Yoongi မျက်ခုံးပင့်လျက် အံ့ဩစွာကြည့်မိသည်......
" အကိုက ဘယ်သွားမှာမို့လို့...... "
ဖြတ်မေးလာသော ညီဖြစ်သူကြောင့် သူလည်း အသာတကြည်ငြိမ်နေရတော့၏။














" ဒီလိုပါ အကို့မိဘတွေလုပ်ငန်းတစ်ချို့က ဩဇီမှာလေ အဲ့တာ အခု အရှုံးပေါ်နေတယ် အကိုက အဲ့မှာသွားပီးကြီးကြပ်ပေးရမှာလေ...... အမေကလည်း တောင်းတောင်းပန်ပန်ပြောထားတော့...... "
" ဒါဆို Hyung ကဘယ်လောက်ကြာကြာသွားရမှာလဲ...... "
" တစ်နှစ် နှစ်နှစ်လောက် ဖြစ်ချင်ဖြစ်သွားနိုင်တယ် Joon ကတော့ သူပါကူညီပေးမယ်တဲ့ အဲ့တာဆို မြန်မြန်ပြန်လာလို့ရတယ်လေ ဒါပေမယ့် သူပါလိုက်လာရင် သားလေးကို တစ်ယောက်တည်း ထားခဲ့ရမှာ အဲ့တာကြောင့်ပါ...... "
အကျယ်တ၀င့်ရှင်းပြနေသော SeokJin Hyung ကြောင့် Yoongi ခေါင်းငြိမ့်၍သာ နေနေလိုက်သည်......
" အဲ့တာကြောင့် ထယ်လေးကို စေ့စပ်ပေးခဲ့တာပေါ့ ဟုလားဟင်..... ဒီတိုင်းထားခဲ့လို့လည်းရရဲ့သားနဲ့..... ကျွန်တော်တို့ရှိတာပဲကို...... "
အလိုက်ကမ်းဆိုးမသိစွာပြောနေသော ညီဖြစ်သူအား Yoongi နားရင်းသာပြေးအုပ်ချင်မိသည်......
စဉ်းစားကြည့်လေ ဘယ်မိဘက သူတို့သားကို သူစိမ်းအိမ်မှာ ထားမလဲဆိုတာ.......
ခုလို စေ့စပ်ထားတော့လည်း ဘာပဲဖြစ်ဖြစ်အမျိုးတော့တော်သွားတာပေါ့.......
အကြောင်းအကျိုးဆီလျော်စွာ တွေးရင်း Yoongi စကားစလိုက်၏။
" ဒါဆိုလည်း စေ့စပ်ပွဲစီစဉ်ကြတာပေါ့ဗျာ....... ကျွန်တော်လက်ခံပါတယ်...... ပီးတော့ ကလေးတွေဆန္ဒကိုလည်း အရင်မေး မေး...... "
" ကလေးတွေက အကုန်လက်ခံတယ် အကိုရဲ့ အကိုသာ ဖြစ်နေတာ...... "
စကားမဆုံးခင် ပြီတီတီမျက်နှာပေးနှင့် ဖြတ်ပြောလာသော Hoeseok ကြောင့် Yoongi မျက်မှောင်ကြုံ့၍သာ ကြည့်ပေးလိုက်သည်......
ဒီအကောင်ဟာလေ..... တစ်သက်လုံး လူပျိုကြီးဖြစ်မယ့်ကောင် အလိုက်ကမ်းဆိုးမသိ.......
" ကဲ ဒါဆိုလည်း နေ့လည်စာလေးစားလိုက်ကြတာပေါ့...... "
ဖွယ်ဖွယ်ရာရာ ရောက်လာသော ထမင်းပွဲဟင်းပွဲများနှင့်အတူ လေးယောက်သား ထမင်းလက်စုံစားဖြစ်ကြသည်.......
SeokJin ကတော့ နောင်ရေးအား ကြိုတွေးရင်း ပြောမပီးနိုင်ခဲ့.......




















Our Baby Hyung  ♡ [ Completed ]Where stories live. Discover now